အပိုင်း -၃၂၈

752 32 0
                                    

Unicode

အပိုင်း -၃၂၈ ယင်းရှောင်ကျဲ  ၊ ငါ နင့် ကို မကြိုက်တော့ဘူး (၂)

မုရှောင်းရှောင် သည် သူမဘယ်မှာရှိနေသည်ကို မသိတော့ဘဲ  ခံစားချက်မဲ့စွာ တစ်လှမ်းပြီး တစ်လှမ်းလျှောက်နေခဲ့သည်။

သူမသည် ဆူညံနေသော ဘား တွေရှိတဲ့ လမ်း မကနေ မသိမသာနဲ့  တိတ်တိတ်ဆိတ်ဆိတ် ပန်းခြံငယ်တစ်ခု၏ ဝင်ပေါက်ဆီသို့ ရောက်သွားသည်။

အမှောင်ထဲတွင် သူမ၏ပါးပြင်များသည် မျက်ရည်များဖြင့် စိုစွတ်နေသည်။ မျက်ရည်များက ပါးပြင်ပေါ်သို့  တစ်လှေကြီး လိမ့်ဆင်းလာပြီး မြေပြင်ပေါ်သို့ပါ  အဆက်မပြတ် ကျဆင်းလာသည်။

သူမသည် ပန်းခြံငယ်လေးထဲသို့ လျှောက်သွားကာ ထောင့်တစ်နေရာက  ထိုင်ခုံရှည်တစ်ခုကို တွေ့သွားပြီး  ရုတ်တရတ် ထိုင်ချလိုက်သည်။

ဤတစ်ကြိမ်တွင် မုရှောင်းရှောင်သည် အငမ်းမရ ကျယ်လောင်စွာ အော်ဟစ် ငိုကြွေးလိုက်သည်။

“ အဟင့် အဟင့် …”

ဤနေရာတွင် အခြားလူမရှိခဲ့။
ထို့ကြောင့် သူမသည် ကမ္ဘာတစ်ခုလုံး ဆုံးရှုံးခဲ့ရသလို
စွန့်ပစ်ခံရပြီး ဝမ်းနည်းပူဆွေးသော ကလေးတစ်ယောက်လို ငိုကြွေး နေခဲ့သည်။

ဘားမှာ စောစောက ယင်းရှောင်ကျဲ ပြောခဲ့ဖူးတဲ့ စကားတွေကို သူမစိတ်ထဲမှာ ပဲ့တင်ထပ်နေခဲ့သည်-

"ငါ  နမ်းဖူးတာ ငယ်ငယ်ကတည်းက တစ်ယောက်ပဲရှိတယ်"

ကောင်မလေးတစ်ယောက်ကို ပဲ နမ်းဖူးတယ်လို့  ပြောခဲ့တာပင်။

လူလိမ်!

ယင်းရှောင်ကျဲ နင်က လူလိမ် လူညာ။

အခုအချိန်တွင်၊ မုရှောင်းရှောင်သည် ပို၍ပင် ကျယ်လောင်စွာ အော်ဟစ်ငို‌ကြွေးနေခဲ့ပြီး သူမ၏ နှလုံးသားကပင်  သူ့ကို မုန်းတီးစွာ အော်ဟစ်‌ကြိမ်း‌မောင်းနေခဲ့သည်။

သူက လူလိမ်
သူက လူယုတ်မာ

ဒါကို ဘယ်လိုလုပ် လုပ်ရက်နိုင်တာလဲ။
ဒီလိုမျိုး သူမကို ဘယ်လိုလုပ် လှည့်စားရက်နိုင်တာလဲ။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now