အပိုင်း - ၄၂၄

618 38 0
                                    

Unicode

အပိုင်း ၄၂၄ - မင်းကိုဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို မခံစားဆနိုင်ဘူး။

ယင်းရှောင်ကျဲ သည် သူမ၏ ဇာတ်လမ်းကို  ခဏရပ်ကာ နားထောင်နေခဲ့သည်။ အိပ်ပျော်စေရန်အတွက် အိပ်ဆေးသောက်ရမည်ဟု ကြားသောအခါတွင် တစ်စုံတစ်ယောက်သည် သူ့ရင်ခွင်ကို ကြိမ်ဖန်များစွာ ရက်စက်စွာဆွဲထုတ်ပြီး ဆုတ်ဖြဲကာ ဆားဖြန်းလိုက်သကဲ့သို့ ဖြစ်သွားသည်။

နာကျင်မှုက ပြင်းထန်လွန်းတာကြောင့် သူ့နှလုံးသားကို ထိတ်လန့်သွားစေသည်။

ဒီအချိန်မှာ သူ့ကိုယ်သူ သတ်သေချင်မိသည်အထိ  အပြစ်ရှိတယ်လို့ပါ  ခံစားရမိတယ်။

Damm it!

သူမကို ဒီလောက် နာကျင်အောင် ဘယ်လိုလုပ် လုပ်နိုင်ခဲ့တာလဲ။

ယင်းရှောင်ကျဲသည် သူမ တစ်စက်ကလေးတောင် မနာကျင်စေရန် ရည်ရွယ်ချက် ရှိသူဖြစ်ကြောင်း ထင်ရှားသည်။ သူမက သူ့လက်ထဲတွင် ဆုပ်ကိုင်ထားလိုသော ရတနာတစ်ပါးလဲ ဖြစ်သည်။

ဒါပေမယ့် ရှောင်းရှောင်ကို အနက်ရှိုင်းဆုံး ထိခိုက်နာကျင်စေခဲ့သူလည်း ဖြစ်ပါတယ်။

အကယ်၍ ရှောင်းရှောင်သာ အလွန်အမင်း မနာကျင်ခဲ့ရပါက လေယာဉ်ပေါ်တွင် ထိုင်ရုံဖြင့် သူမဆီမှာ ဤမျှကြီးမားသော ဒဏ်ရာကို မည်သို့ ချန်ထားခဲ့နိုင်ရသနည်း၊

ယင်းရှောင်ကျဲ သည် ရှောင်းရှောင်ရဲ့ မျက်နှာလေးကို မော့လိုက်ပြီး ဂရုတစိုက် နမ်းလိုက်သည်။

“တောင်းပန်ပါတယ်…ကိုယ် တောင်းပန်ပါတယ်…ကိုယ် တောင်းပန်ပါတယ်…”

ဒီစကားသုံးလုံးအပြင် ဘာပြောရမှန်းတောင် မသိတော့ဘူး။

ယင်းရှောင်ကျဲသည် သူမ၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။

ဒီတစ်ခါ အနမ်းက အရမ်းနူးညံ့ လေသည်။မက်မောမှု တစ်ခုတည်း မပါဘဲ သူမအတွက် ချစ်ခြင်း နှင့် ပူပန်မှု တစ်ခုတည်းသာ ရှိခဲ့သည်။

အစပိုင်းတွင် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေသော ရှောင်းရှောင်၏နှလုံးသားသည် နွေးထွေးမှုနှင့်အတူ တဖြည်းဖြည်း ပြည့်လာခဲ့သည်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now