အပိုင်း- ၃၈၂

644 36 0
                                    

Unicode
အပိုင်း  ၃၈၂- ခေါင်းစဉ်မဲ့

မုရှောင်းရှောင်သည် ယင်းရှောင်ကျဲ ၏ ပင်ကိုယ်စရိုက်ကို သေသေချာချာ လုံး၀ကို  နားလည်သည်။ ယင်းရှောင်ကျဲသည် သူ အနိုင်ရတဲ့ မရပ်တမ်း ဆက်လက်ယှဉ်ပြိုင်မည့်သူဖြစ်သည်။

ဝီလီယမ်မှာလည်း အလားတူ ပင်ကိုယ်စရိုက်ရှိခဲ့သည်။ ထို့ကြောင့် ဆက်လက်ပြီး‌တော့သာ လေလံဆွဲမည်ဆိုပါက ဈေးနှုန်းသည် မထင်မှတ်ထားလောက်တဲ့ ဈေးနှုန်းထိ မြင့်တက်သွားမည်ဖြစ်သည်။

မုရှောင်းရှောင် က ဒါကို တွေးကြည့်ရုံနဲ့ ကြောက်လန့်သွားရတယ်။

ဒါက သူတို့ပြောနေတဲ့ ပိုက်ဆံပဲလား ။

သို့သော် သူတို့သည် သူမ၏ ပိုက်ဆံကို သုံးဖြုန်းနေတာ မဟုတ်ပေမယ့်လဲ သူမ အဘယ်ကြောင့် နာကျင်ခံစား နေရသနည်း။

မုရှောင်းရှောင် သက်ပြင်းချလိုက်သည်။ သူမ မနေနိုင်တော့သလို ခံစားရသဖြင့် ဝီလျံ၏လက်ကို တွန်းဖယ်ကာ ဒေါသတကြီးဖြင့်

“မင်းတို့ နှစ်ယောက်လုံး ကစားရတာ ဒီလောက်ကြိုက် နေရင် ဆက်ပြီးကစားနေလို့ရတယ်။ ငါတော့ သည်းမခံနိုင်တော့ဘူး။ ငါ ဒီကနေ ထွက်သွားတော့မယ်။"

သူမ ထပြီး လေလံပွဲ မှ ထွက်သွားဟန်ပြင်သည်  ။

ဝီလီယမ် နှင့် ယင်းရှောင်ကျဲ  သည် အလွန်အကြည့်ချင်းဖလှယ်လိုက်သည် ။

ဒါပေမယ့် ဝီလီယမ် က ဆက်ပြီး လေလံ မဆွဲတော့ဘဲ ထပြီး မုရှောင်းရှောင် နောက်ကို လိုက်ကာ  ခန်းမထဲက လိုက်သွားခဲ့တယ်။

“ကောင်းပြီ ဘေဘီလေး၊ စိတ်ဆိုးမနေနဲ့တော့။ ငါ မင်းကို တစ်ခုပြောမယ် ဟုတ်လား"

ဝီလီယမ်က မုရှောင်းရှောင်နောက်ကနေ ပြောလိုက်ပါတယ်။

"ဘာလဲ?"

မုရှောင်းရှောင်သည် အမှန်တကယ်ပင် စိတ်ဆိုးခြင်းမဟုတ်ပဲ သူ့ကို လှည့်စားရန်သာ ဆန္ဒရှိခဲ့သည်။

ဝီလီယမ်သည် မုရှောင်းရှောင်ကိုကြည့်ရင်း ပြုံးကာ သူမရှေ့သို့ လျှောက်လာခဲ့သည်။ သူ့လက်ကြီးကြီးက သူမဆံနွယ်လေးတွေကို ပွတ်သပ်ပေးရင်း

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now