အပိုင်း - ၄၁၇

549 35 0
                                    

Unicode

အပိုင်း ၄၁၇  - ရှောင်းရှောင် ကိုပဲ အလွန်အမင်း တမ်းတမိနေပြီး  စားချင်နေတယ်

အဲဒီလို ဆွဲဆောင်မှုရှိတဲ့ ၀တ်စားဆင်ယင်မှုတွေကတောင်ယင်းရှောင်ကျဲ ရဲ့ စိတ်ဝင်စားမှုကို မထမြောက်နိုင်စေခဲ့

ယင်းရှောင်ကျဲ  အခန်းထဲကို အရင် လှည့်ပတ်ကြည့်လိုက်သည်။

ဒီကနေ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သူသိပြီးသားပါ။

မုကျန်းပိုသည် ယင်းရှောင်ကျဲ ရဲ့ သွေးဆောင်ဖြားယောင်းမှုကို ခံနိုင်ရည်ရှိအောင် စမ်းသပ်ရန်အတွက် အရာအားလုံးကို စီစဉ်ထခဲ့သည်။

မုကျန်းပိုက သူ့ကို မနက်ရောက်တဲ့အထိ အပြင်‌ပေးထွက်မှာ မဟုတ်ဘူး။

ယင်းရှောင်ကျဲ  နဖူးတွင် အေးစက်သော ချွေးများထွက်နေကာ  ရုတ်တရက် သွားများကို အံကြိတ်ထားလိုက်သည်။

သူ့ရင်ထဲက ရုန်းရင်းဆန်ခတ်ဖြစ်စေတဲ့ မီး တောက်က ပိုမိုပြင်းထန်စွာ ‌တောက်လောင်လာသည်။ အခန်းထဲ ပျံနေတဲ့ အ ‌ေမွှးနံ့သည် နဂိုကတည်းက ရှိနေတဲ့ ကတိဆန္ဒများကို တိုးပွားစေပြီး၊ ခန္ဓာကိုယ်ကလဲ  သူ၏ ဦးနှောက်ဆီသို့ အချက်ပြမှုများ ပေးပို့ကာ သူ၏တပ်မက်မှုများကို လှုံ့ဆော်ပေးနေသည်။

ယင်းရှောင်ကျဲ ကို ဒီလိုပုံစံနဲ့ မြင်လိုက်ရတော့ အမျိုးသမီးရဲ့ အပြုံးက နက်ရှိုင်းလာပြီး သူ့ရှေ့ လှမ်းတက်လာပြီး သူမရဲ့ နောက်ဆုံးအဝတ်အစားတချို့ကို ဖြည်းညှင်းစွာ ချွတ်စပြုလာတယ်။

သူမရဲ့ ဖွံ့ထွားလှတဲ့ ရင်မြွှာ မောက်မောက်နဲ့ စွင့်ငွားတဲ့ တင်ပါးတွေက သူမရဲ့ ကိုယ်ခန္ဓာကို ဖြည်းညှင်းစွာ ပေါ်လွင်စေခဲ့တယ်..။

ယင်းရှောင်ကျဲက မျက်ခုံးများကို တင်းကျပ်စွာ ကြုံ့ထားသည်။ ထို့နောက် သူက ရယ်မောကာ အမျိုးသမီးကို  ဆုပ်ကိုင်လိုက်သည်။

အမျိုးသမီးသည် နောက်ဆုံးတွင် သူမကို  ခုန်အုပ်ရန် သည်းမခံနိုင်တော့ဟု တွေးကာ ပီတိဖြစ်မိသွာသည်။

“သခင်လေး …အာ့!”

သူ့လက်နဲ့ ထိလိုက်ပါသည်။
ယင်းရှောင်ကျဲ  က သူမကို သတိလစ်သွားအောင် ကရာတေး ရိုက်ချက် တစ်ချက် ပေးလိုက်တာပင်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now