အပိုင်း- ၃၉၇

666 38 0
                                    

Unicode
အပိုင်း ၃၉၇ - သူမရဲ့ ကိုယ်အပေါ်က

မုရှောင်းရှောင် နိုးလာ လေသည်။

သူမ၏ မျက်လုံးများ မှိန်ဖျော့နေပြီး အတွေးများကလဲ  မှုန်ဝါးဝါး။ တုံ့ပြန်မှုမပြုမီ မုရှောင်းရှောင် ယင်းရှောင်ကျဲ ကို ခဏလောက် စီစစ်နေသလို  ကြည့်လိုက်သည်။

မုရှောင်းရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။
သေချာ လှမ်းကြည့်လိုက်ပြီး  ယင်းရှောင်ကျဲ ရဲ့ အလုပ်ရှုပ်နေတဲ့ ဦးခေါင်းကို  သူမကိုယ်ပေါ်ကနေ တွန်းဖယ်ဖို့ ကြိုးစားလိုက် တယ်။

"ယင်းရှောင်ကျဲ နင် ဘာတွေ လုပ်နေတာလဲ..."

သူမ၏အသံကိုကြားသောအခါ ယင်းရှောင်ကျဲ  သည် သူ၏ချောမောသောမျက်နှာကို သူမရင်ဘတ်နားမှ မော့ကြည့်လိုက်သည်။ သူ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများက သူမကို အလွန်စိတ်ကျေနပ်စေမည့် တစ်ခုခုကို လုပ်နေသကဲ့သို့ ပြုံးကာ ကွေးတက်နေသည်။

"ခန့်မှန်းချင်လား?"

သူ့အသံသည် တစ်ကိုယ်သုံးစပီကာတစ်လုံးကဲ့သို့ နိမ့်ပြီး အလွန်သာယာသော အသံဖြစ်သည်။

မုရှောင်းရှောင် ကျယ်လောင်စွာ အားရပါးရ သမ်းလိုက်သည်။ သူမ၏မျက်လုံးများသည် လုံး၀မပွင့်သေးသော်လည်း သူမ၏ရင်ဘတ်က အေးမြမှုကို ခံစားနိုင်သည်။

သူမကိုယ်သူမ စူးစိုက်စိုက်ကြည့်လိုက်တော့  အင်္ကျီကော်လာက ပွင့်နေပြီး ပြီး နှင်းလိုဖြူဖွေးဖွေး အသားအရေက ပေါ်လွင်ထင်ရှားစွာ မြင်လိုက်ရသည်။

"ယင်းရှောင်ကျဲ  နင် - မတရားဘူး .....!"

မုရှောင်းရှောင်မနည်း  တည်ငြိမ်အောင်လုပ်လိုက်ပြီးမှ  ယင်းရှောင်ကျဲ  ၏ ခေါင်းကို  ခေါင်းအုံးဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်လိုက်သည်။

ထို့နောက် သူမသည် ရှက်ရွံ့စွာဖြင့် ယင်းရှောင်ကျဲ ကို ကုတင်ပေါ်ကနေ  ကန်ထုတ်ရန် ကြိုးစားလိုက်သည်။

မနက်အစောကြီး သူဘာတွေ လှည့်စားနေတာလဲ။

ယင်းရှောင်ကျဲကတော့ မုရှောင်းရှောင်၏ တိုက်ခိုက်မှုကို ရိုးရိုးရှင်းရှင်းပဲ  ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now