အပိုင်း -၄၄၅

403 22 0
                                    

Unicode
အပိုင်း ၄၄၅  - သူ့စကားဝှက်ကဘာလဲ။ (၂)

ဤမိန်းကလေးသည်  သူမရဲ့ မျက်နှာ အမူအရာက ဖတ်ရန်အလွန်လွယ်ကူတာကြောင့်  သူမ၏စကားဝှက်သည် သူမ၏မွေးနေ့ သို့မဟုတ် အမှတ်တရနေ့ တစ်ခုခုဖြစ်သင့်သည်။

ယင်းရှောင်ကျဲ  စမ်းကြည့်ပေမယ့် မှားသွားတယ်။

သူမရဲ့ မွေးနေ့ကို စမ်းကြည့်လိုက်ပေမယ့် အဲဒါလည်း မှား နေသေးသည်။

သူမျက်မှောင်ကြုံ့လိုက်မိသည်။

သူ့မွေးနေ့ဖြစ်နိုင်မလား။

ယင်းရှောင်ကျဲ  က သူ့မွေးသက္ကရာဇ်ကို သူမဖုန်းထဲ ထည့်ကြည့်လိုက်ပေမယ့် နှစ်ခုစလုံးက မှားနေတယ်။

နောက်ဆုံးအခွင့်အရေးတစ်ခါပဲကျန်တယ်။

အကယ်၍ စကားဝှက်ကို ၅ ကြိမ် မမှန်မကန် ထည့်သွင်းပါက၊ မည်သူမဆို စကားဝှက်ကို ထပ်မံမထည့်မီ နှစ်နာရီ စောင့်ရမည် ဖြစ်သည်။

ယင်းရှောင်ကျဲ  သည် မုရှောင်းရှောင် ကို ဘေးတိုက် တစ်ချက်ကြည့်လိုက်သည်။ ထိုမိန်းကလေးသည် ကျောက်ပုဇွန်ကို ပျော်ရွှင်စွာ စားသောက်နေ၏။

သူမ စားပြီးသွားသောအခါတွင် မုရှောင်းရှောင် သည် သူမ၏ လက်ချောင်းများကို စိုစွတ်သော တစ်ရှူးဖြင့် သုတ်လိုက်ပြီး ယင်းရှောင်ကျဲ  ဆီသို့ ကြည့်လိုက်သည်။

"ပြီးပြီလား?"

သူဘာလို့ဒီလောက်နှေးနေတာလဲ။ သူမ စားတာတောင် ပြီးနေပြီ။

မုရှောင်းရှောင် သည် သူမဖုန်းကို ဖွင့်ထားပြီးသားဖြစ်သည်ကို တွေ့လိုက်ရသည်၊ ဆိုလိုသည်မှာ ဆင်းမ်ကတ်ထည့်ထားပြီးဖြစ်သည်။

ယင်းရှောင်ကျဲမျက်နှာမှာ ထူးဆန်းတဲ့အမူအရာ ရှိနေတာကြောင့်

"ဘာဖြစ်နေတာလဲ? SIM ကတ် ပြဿနာရှိလို့လား။

“ပြဿနာ မရှိဘူး။ မင်းစမ်းကြည့်"

ဖုန်းကိုပြန်ပေးရင်း ယငရှောင်ကျဲ၏ အကြည့်သည် အနည်းငယ် မှုန်ကုပ်နေပုံရသည်။

မုရှောင်းရှောင်သည် စိုစွတ်နေသော တစ်ရှူးကို ဘေးသို့ ပစ်ချလိုက်သည်။ ဖုန်းလက်ခံရရှိတာနဲ့  စကားဝှက်ကို အမြန်ရိုက်ထည့်လိုက်သည်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now