အပိုင်း - ၄၇၇

395 19 0
                                    

Unicode
အပိုင်း ၄၇၇-  အန်းဇီရှင်း  မျက်နှာကို လက်ဖြင့်ဖြတ်ရိုက်

နောက်ဆုံးအနေနဲ့၊ ဒီကျောင်းဟာ လက်ရွေးစင် အဆင့်မြင် ကျောင်းတစ်ခုဖြစ်ပြီး၊ ကြီးမားပြီး လှပတဲ့ ဘတ်စကက်ဘောအားကစားကွင်းတစ်ခုမှာ  ထွက်ပေါက်အများအပြားရှိတာကြောင့် အံ့သြစရာတော့ မဟုတ်ပါဘူး။

ထိုစကားကြားတော့ ကောင်မလေးများ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

"မဖြစ်နိုင်ဘူး ၊ အမှနခမဟုတ်ဘူးမလား"

သူမတို့ အချိန်အကြာကြီး စောင့်ခဲ့ကြရသော်လည်း  ဘာမှမဖြစ်။

အန်းဇီရှင်း က ပြုံးပြီးပြောလိုက်တယ်

"ဒါဆိုလဲ ပြန်ကြရအောင်။ ကျောင်းပြန်ရောက်ရင် ခေါက်ဆွဲ ငါ၀ယ် ကျွေးပါ့မယ် ဟုတ်ပြီလား"

အန်းဇီရှင်း သူမကိုယ်တိုင်လဲ  အပြစ်ရှိသလို ခံစားလာရပါတော့သည်။

အားလုံးဟာ  အကြောင်း မတိုက်ဆန်တဲ့  အခိုက်အတန့်ကြောင့်ပါပဲ။

အန်းဇီရှင်း ပြန်ဖို့ လှည့်လိုက်တော့ ရုတ်တရက် မိန်းကလေးတစ်ယောက်က 

"ကြည့် သခင်လေးကျဲ ထွက်လာပြီ!"

ကောင်မလေး အနည်းငယ်က ချက်ချင်းပဲ  လှည့်ကြည့်လိုက်သည်။

တကယ်က သခင်လေးကျဲ ပင်။

မိန်းကလေးများသည် အန်းဇီရှင်း အား စိတ်လှုပ်ရှားစွာဖြင့်

“မြန်မြန်  ဇီရှင်း၊ ငါတို့ကို သူ့ဆီ ခေါ်သွားပါ!”

ရှန်တ အထက်တန်းကျောင်း ၏ နာမည်ကျော် သခင်လေးကျဲနှင့် ကိုယ်တိုင် အနီးကပ် တွေ့ဆုံနိုင်ရန် သည် သာမာန်ကျောင်းမှ ဆင်းသက်လာသော မိန်းကလေးများအတွက် အိပ်မက်တစ်ခုလိုပင်။

အန်းဇီရှင်း သည် ယင်းရှောင်ကျဲ အပြင်သို့ထွက်လာစဉ်  သူ့လက်မောင်းကိုမှီထားတဲ့  မုရှောင်းရှောင်က သူနဲ့ ရင်းရင်းနှီးနှီး ရယ်မောရင်း စကားတွေပြောနေကြသည်ကို တွေ့လိုက်ရသည် ။

ဒါပေမယ့် ဒီလိုချိုမြိန်နေတဲ့မြင်ကွင်းက သူမနှလုံးသားကို ဓားနဲ့ထိုးသလိုပါပင်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now