အပိုင်း -၃၂၄

714 27 0
                                    

Unicode

အပိုင်း ၃၂၄ - သူ့ခံစားချက်တွေကို သေချာစစ်ဆေးခြင်း (၂)

ဟန်ချီချင် သည် ယခင်အချိန်ကဲ့သို့ မုရှောင်းရှောင် ကို ကောင်းစွာ ဂရုမစိုက်သည့်အတွက် ယင်းရှောင်ကျဲ၏ အပြစ်တင်ခံရမည်ကို အမှန်တကယ်ပင် စိုးရိမ်နေခဲ့သော်လည်း မုရှောင်းရှောင် သည် ယင်းရှောင်ကျဲ ကို ရှာမည်ဖြစ်ပြီး ယင်းရှောင်ကျဲသည်လဲ အပြင်မှာ ရှိနေသောကြောင့် သူမအနေဖြင့် မလိုအပ်တော့ဟု သူမထင်ခဲ့သည် ။ ထို့ ကြောင့်  မုရှောင်းရှောင် နှင့်အတူ လိုက်မသွားတော့ချေ။

မုရှောင်းရှောင် သည် လုရိချန် သည် ဖုန်းခေါ်ဆိုမှုကို ပြီးဆုံးသွားမည်ကို ကြောက်ရွံ့သဖြင့် ထိုနေရာမှ အမြန်ထွက်သွားချင်သော်လည်း မအောင်မြင်ခဲ့ပေ။

နောက်ဆုံးစက္ကန့်မှ ခေါ်ဆိုမှုကို ပြန်ဖြေကြားရင်း အနည်းငယ် မောဟိုက်သံဖြင့်

"ဟယ်လို လုရိချန်၊ ဘာဖြစ်လို့လဲဟင် ? "

"အခု   ဖုန်းပြောဖို့ အချိန်အဆင်ပြေရဲ့ လား? "

လုရိချန် က သူမ အပြင်မှာ ရှိနေတာကို ကြားပြီး ဒီလိုမေးခွန်းမျိုး မေးခဲ့တာပင်။
သူ့အသံက  နူးညံပျော့ပျောင်းနေပြီး သူ့ခံစားချက်ကို သူမ ရေရေရာရာ မသိပေ။

သူသယ အဆင်ပြေရင် သူမဖုန်းဆက်မှာမဟုတ်ဘူးဆိုတာကို မုရှောင်းရှောင် သိနေသည်။

ဒါ့ကြောင့် သူမ အမြန်ပဲ

“အခု အားပါတယ်။ ဘာဖြစ်လို့လဲ ပြောပါဦး"

သူမတို့ စကားဝိုင်းကို အဆင်ပြေချောမွေ့စေရန် မုရှောင်းရှောင် လူအသွားအလာနည်းသောနေရာဆီသို့ လမ်းလျှောက်သွားကာ ဆူညံသောဇုန်များကိုရှောင်လိုက်သည်။

လုရိချန် က

"ကိုယ့်အမေက မင်းသိထားတဲ့ အကြောင်းအရာတွေကို  ကိုယ့်ကို ပြောပြပြီးပြီ"

လုရိချန် ဆက်မပြောခင်  ခဏလောက် နှုတ်ဆိတ်နေခဲ့သည်။

မုရှောင်းရှောင် အံ့သြသွားသည်။

"ဘာတွေကို ...ရှင် ရည်ညွှန်းတာလဲ"

သူ့နောက်ခံကို ရည်ညွှန်းနေတာလား ဒါမှမဟုတ် အန်တီလုရဲ့ ကျန်းမာရေးအခြေအနေလား။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now