အပိုင်း -၃၂၇

749 34 0
                                    

Unicode

အပိုင်း -၃၂၇ ယင်းရှောင်ကျဲ  ၊ ငါနင့် ကို မကြိုက်တော့ဘူး (၁)

တစ်ဖက်တွင် မုရှောင်းရှောင် သည် လုရိချန် နှင့် ဖုန်းပြောနေချိန်တွင် သူမသည် တိတ်ဆိတ်သောတစ်နေရာဆီသို့ မသိလိုက်ဘဲ လှောက်လာကာ လမ်းက  ကားပါကင်အဝင်ပေါက်တွင် ဆုံးသွားခဲ့သည်။

ရုတ်တရက် တစ်စုံတစ်ခုမှ လွတ်မြောက်လာဟန်တူသော အမျိုးသားအချို့သည် သူမဘက်သို့ ပြေးလာပြီး မတော်တဆ တိုက်မိကာ သူမ၏ ဖုန်းကို မြေပြင်ပေါ်သို့ ပြုတ်ကျစေခဲ့သည်။

မုရှောင်းရှောင် သည် ဖုန်း ပျက်သွားခြင်း ရှိမရှိ စစ်ဆေးရန် သူမ၏ ဖုန်းကို အမြန် ကောက်ယူလိုက်သည်။

ထို့နောက် သူမသည် ထိုလူများကို ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း သူတို့လက်ထဲတွင် ဓားနှင့် တုတ်များ ကိုင်ဆောင်ထားသည်ကို သူမ မြင်လိုက်ရသည်။

မုရှောင်းရှောင် လန့်သွားသည်။
ဒီလူတွေက  တစ်စုံတစ်ယောက်ကို ရိုက်နှက်ခဲ့တာလား။

တစ်စုံတစ်ယောက် ထိခိုက်ဒဏ်ရာရမှာကို သူမစိုးရိမ်နေမိသည်။ ထို့ကြောင့် သူမသည် ကားရပ်နားရာနေရာဆီသို့ သတိထားပြီး လျှောက်လာခဲ့သည်။

အဝေးမှ အရပ်ရှည်ရှည် သွယ်လျသော အသွင်အပြင်ကို မြင်လိုက်ရသည်။

ဘာလို့ ယင်းရှောင်ကျဲ နဲ့တူနေတာလဲ။

ယင်းရှောင်ကျဲ အရိုက်ခံရမည်ကို စိုးရိမ်သောကြောင့်  ချက်ချင်းပင် စိတ်ပူလာသည်။

သူမ အနားသို့  မြန်မြန်သွားလိုက်ပေမယ့် ဒီလိုမြင်ကွင်းမျိုးမြင်ရဖို့ သူမမျှော်လင့်ထားသလောက်ပါပဲ...

အမှောင် နှင့် သစ်ပင်ရိပ်အောက်တွင် အန်းဇီရှင်း သည်  ယင်းရှောင်ကျဲ ၏လည်ပင်းကို ပွေ့ဖက်ထားသည်။

နှစ်ယောက်သား နီးနီးကပ်ကပ် နမ်းနေကြဟန်တူသည်။

မုရှောင်းရှောင်  သူမ၏  ခြေလှမ်များ မလှုပ်မယှက် ရပ်သွားရသည်။ သူမ၏ နှလုံးသားသည် သွေးများ ပြောင်းပြန်စီးဆင်းသွားသလို ခံစားလိုက်ရကာ သူမ၏ လက်ခြေများသည်လဲ  အေးစက်လာသည်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now