အပိုင်း - ၄၂၈

438 26 0
                                    

Unicode

အပိုင်း ၄၂၈ - ငါ့မှာ မင်းကိုပဲ ကြည့်ဖို့ မျက်လုံးပဲရှိတယ်  (၃)

ထို့နောက် မန်နေဂျာက အိတ်ကို ချလိုက်ပြီး ငွေရှင်းကောင်တာနောက်ဘက်ရှိ တောင်းအလွတ်ထဲတွင် ထည့်လိုက်သည်။ ထို့နောက် သူက ၀မ်ရှီယွီ ကို အေးစက်စွာကြည့်ကာ

"မိန်းကလေး၊ ငွေရှင်းစရာ မလိုရင် နောက်ကနေ ဖောက်သည်တွေ ရှင်းဖို့အတွက်  ဘေးဖယ်ပေးပါ"

ပြောပြီးတာနဲ့ မန်နေဂျာက ချက်ချင်း ပြန်ထွက်သွားတယ်။

"ရှင် -"

၀မ်ရှီယွီက မန်နေဂျာရဲ့ ကျောကို လက်ညိုးထိုးရင်း
ဒေါသအရမ်းထွက်လာ လည်ပင်းတွေ  အနီရောင် သန်းလာတယ်။

“ဖြောင်း၊ ဖြောင်း ဖြောင်း …”

တစ်ဖက်မှ လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။

စောစောက ကောင်မလေးက ၀မ်ရှီယွီ ကို ဘေးဖယ်ထားပြီး

“တစ်ခုခုဝယ်ရင် ပိုက်ဆံသုံးရမယ်။ နင် ဆင်းရဲတာ‌ကြောင့် လူတိုင်းက နင့်ကို  အလကားပေးမယ်လို့ မျှော်လင့်ပြီး  ငြင်းခုံလို့မရဘူး။"

"နင် -"

၀မ်ရှီယွီ ဒေါသထွက်လွန်းလို့ မျက်လုံးတွေနီရဲလာကာ  တစ်စုံတစ်ယောက်ကို  ရိုက်ချင်နေသလိုပင်။

အန်းဇီရှင်း သည် အမှန်တကယ်ပင် ဒီတိုင်း  စိုက်ကြည့်မနေနိုင်တော့ပေ။

ဒါ့ကြောင့် သူမသည် ခွန်အားရှိသမျှသုံးပြီး ၀မ်ရှီယွီကို ရှက်စရာကောင်းသော ဤနေရာမှ ဆွဲထုတ်လာနိုင်ခဲ့သည်။

သူတို့နှစ်ယောက် ဝေးသွားသောအခါတွင် ယင်းရှောင်ကျဲ  နှင့် မုရှောင်းရှောင်သည်  ထောင့်ထဲမှ ထွက်လာသည်။

စောစောက အခြေအနေကို မြင်လိုက်ရသဖြင့် မုရှောင်းရှောင် အံ့ဩသွားခဲ့သည်။

စိတ်ပျက်လက်ပျက်ဖြင့် သူမသည် ယင်းရှောင်ကျဲ ကိုကြည့်ကာ

"ဒီယုတ္တိ မရှိတဲ့ ကောင်မလေးက ဘယ်သူလဲ"

ဟုမေးသည်။

၀မ်ရှီယွီ သည် ဤကိစ္စအတွက် အဘယ်ကြောင့် ကပ်တွပ်နေရသနည်းဆိုတာ  သူမ နားမလည်နိုင်သေးပေ။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now