အပိုင်း-၃၈၆

672 38 0
                                    

Unicode

အပိုင်း  ၃၈၆- ခေါင်းစဉ်မဲ့

သို့သော် တစ်ယောက်နှင့်တစ်ယောက်အပေါ်ထားရှိသည့် ခံစားချက်များသည် ယခုထက်ပို၍ ရှင်းရှင်းလင်းလင်းမရှိနိုင်ပေ။

ဒါဟာ လူတိုင်းအတွက် အကောင်းဆုံး အခိုက်အတန့်ပါပဲ။

သူ သူမကို စားသုံးပြီးတာနဲ့ သူမက သူ့မိန်းမ ဖြစ်သွားလိမ့်မယ်။

လုံးဝကို  သူ့ကိုယ်ပိုင်!

ချောမောသော နိုင်ငံခြားကောင်သည် သူမနှင့် အလွန်ရင်းနှီးပြီး
ရင်းနှီစွာ ဆက်ဆံတတ်သည့် မြင်ကွင်းကို ပြန်ပြောင်းသတိရကာ သူတို့၏ဆက်ဆံရေးသည် သာမန်မဟုတ်မှန်း သိသာလှသည်။

ယင်းရှောင်ကျဲ  သေသွားနိုင်လောက်တဲ့  မနာလိုမှုများစွာ ခံစားခဲ့ရသည်ကို  မုရှောင်းရှောင် ဘယ်သောအခါမှ မသိခဲ့ပေ။

သူ့ကို တားဆီးလိုသည့်  သူမ၏ကြိုးစားအားထုတ်မှုကို လျစ်လျူရှုရင်း၊ ယင်းရှောင်ကျဲ  သည် သူမရှေ့တွင် ခေါင်းငုံ့ထားကာ မျက်လုံးများ မှိန်သွားပြီး သူမ၏ ညှပ်ရိုးများကို တမင်နှေးကွေးစွာ နမ်းလိုက်သည်။

သူမကို အရသာ မြည်းစမ်းနေသလိုပင်။ သူ့ကိုယ်ပိုင်နယ်မြေကို အမှတ်အသားပြုနေသလိုမျိုး ညင်ညင်သာသာ ဆုပ်ကိုင်ထားရင်း အရှိန်အဟုန်မပျက်။

သူ့နှုတ်ခမ်းနဲ့ ထိတွေ့တဲ့ နေရာတိုင်းက သူ့နယ်မြေ ဖြစ်လာတယ်။

သူမတစ်ကိုယ်လုံး သူ့ရနံ့တွေ လွှမ်းပါစေ။

ယင်းရှောင်ကျဲ  ထိုအတွေးဝင်လာသည်နှင့်အမျှ သူမရင်ခွင်အရေပြားပေါ်သို့ ကျရောက်သည့် သူ့အသက်ရှူသံက ပူပြင်းလာပြီး ချက်ချင်းပင် အရောင်ပြောင်းသွားသည်။

"ယင်းရှောင်ကျဲ ... နင် မကစားတော့လို့ မရဘူးလား..."

သူ့အသက်ရှုသံက အရမ်းပူနေပြီး သူမကိုပါ ပူလောင်စေသလိုပဲ။

သူမနှလုံးသားမှာ သမင်တစ်ကောင်က  ခုန် ပေါက်ပြေးလွှားနေသလိုမျိုး တဒုန်းဒုန်း ခုန်နေသလို ခံစား နေရသည်။

နှလုံးသားအိမ်က ယင်ကောင်တစ်ကောင် ပျံလိုပဲ သူမနှလုံးသားကို တဖျတ်ဖျတ် ရိုက်ခတ်‌နေသလိုပင်။

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now