အပိုင်း - ၃၃၉

728 32 0
                                    

Unicode
အပိုင်း  ၃၃၉ - စေ့စပ်ပွဲကို ဖျက်သိမ်းလိုခြင်း (၁)

ဟန်ချီချင် က စိတ်ပူလာပြီး

"လုရိချန် က သူမအမေရိကကို ပြန်သွားတယ်လို့ မပြောခဲ့ဘူးလား။ လေယာဉ်ခရီးစဉ်များကို စစ်ဆေးကြည့်‌လေ"

"မင်း ငါတို့ကို အရူးလို့ ထင်နေတာလား။ လုပ်ပြီးပြီ  အဲဒါကို ငါတို့ စစ်ဆေးခဲ့ပေမယ့် သူမကို ရှာမတွေ့ဘူး။ အိမ်နီးနားချင်းမြို့များက လေယာဉ်ခရီးစဉ်ကိုတောင် စစ်ခဲ့ပေမယ့် ခရီးသည်စာရင်းမှာ  ရှောင်းရှောင် မပါဘူး။ ဒါ့ကြောင့် သူမ အမေရိကန်ပြည်ထောင်စုသို့ သွားမယ့် လေယာဉ်ပေါ်မတက်သေးဘဲ  မြို့တော် Aမှာ  ရှိနေဦးတးမယ်လို့ ငါ ယုံတယ်"

သူ့အသံတွင် စိုးရိမ်ပူပန်မှုပါ‌ နေတာကြောင့် စုန့်ရှီကျွင်း သည်လဲ မုရှောင်းရှောင် အတွက် အလွန်စိုးရိမ်နေပုံပေါ်သည်။

ဟန်ချီချင် က

“ဒါဆို အမေရိကန်ကို တိုက်ရိုက်ပျံသန်းတာမဟုတ်ဘဲ တခြားလေယာဉ်ခရီးစဉ်နဲ့  သွားဖို့ ဖြစ်နိုင်ခြေရှိသလား”

စုန့်ရှီကျွင်း က

“ငါတို့ တခြားလေယာဉ်တွေကို စစ်ဆေးပြီးပြီ။ သူတို့ထဲက ခရီးသည်စာရင်းတစ်ခုမှာမှ ရှောင်းရှောင် နာမည်  မပါဘူး”

ဟန်ချီချင် သည် စဉ်းစားရန် သူမ၏ မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်ရးကာ

“လုရိချန် ပြောတာကို ငါ ယုံတုန်းပါပဲ။ ရှောင်းရှောင် ဟာ မြို့တော် A မှာ မရှိလောက်ဘူးထင်တယ် မဟုတ်ရင် နင်တို့လုပ်ခဲ့တဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေမှုတွေကြောင့်  သဲလွန်စတစ်ခုတည်းနဲ့တင်  ရှာတွေ့ဖို့  လုံလောက်တယ် …”

" ပြန်ပေးဆွဲခံရတာလား?"

"မင်းကွာ ကျွတ် !"

စုန့်ရှီကျွင်း က ဟန်ချီချင်ကို ဆုံးမတာ မဟုတ်တဲ့ ရည်ရွယ်ချက်ကောင်းနဲ့

“မင်းငါ့ရှေ့မှာ ဒီလိုပြောလို့ရတယ်၊ ဒါပေမယ့် ယင်းရှောင်ကျဲ ရှေ့မှာ ဒီလို သွားမပြောနဲ့။ ဟိုက ပေါက်ကွဲတော့မယ်ကွ  စိုးရိမ်လွန်းလို့ ရူးသွပ်လုနီးနီး ဖြစ်နေတာ ”

 ချစ်ခြင်းဘီလီယံ 3 ခေတ္တ ရပ်နား ( Billion of Pampering Only For You 3 )Where stories live. Discover now