Chapter [ 4 ]

9.9K 870 59
                                    

[Unicode]

တရုတ်လူမျိုးတွေရဲ့ ညစာထမင်းဝိုင်းက ကိန်းကြီးကိန်းခန်းနိုင်လွန်းလှသည်။ မာမားက အစားစားနေစဉ် စကားပြောခြင်းကို မကြိုက်သည့်အတွက် ထမင်းဝိုင်းက ပန်းကန်သံ ၊ ဇွန်းသံသာ ညံနေ‌ပြီး စကားများသည့် မိန်မိန်းပင်လျှင် ထမင်းကို တိတ်တိတ်ဆိတ်ဆိတ် စားနေသည်။

"မားလက်ထပ်တော့မလို့"

တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည့် မာမား၏အသံကြောင့် ဖက်ထုပ်ပေါင်းကို တူဖြင့်ယူတော့မည့် ဟန်ရှင်း၏လက်တွေ လေထဲ၌ရပ်တန့်သွားသည်။ ဟန်ရှင်း အလန့်တကြားဖြင့် အငယ်နှစ်ယောက်ကို လှည့်ကြည့်လိုက်တော့ ပိုင်ပိုင်က အစားကိုသာ အေး‌အေးလူလူ စားနေပြီး မိန်မိန်းက သိပြီးသား အကြောင်းအရာတစ်ခုကို ပြန်ကြားလိုက်ရသည့်နှယ် ပြုမူနေသည်။

"ဘယ်သူနဲ့လဲမား"

"ZedQ က CEO ဦးနိုင်မင်းလေ။ သားသူ့ကိုသိပါတယ်"

ဦးနိုင်မင်းက Local Brand လက်ကိုင်အိတ်မျိုးစုံကို ထုတ်လုပ်ဖြန့်ချီပြီး မာမားနှင့်  အရင်ကတည်းကသိခဲ့သော လုပ်ကိုင်ဖော်ဖက်ဖြစ်သည်။ သို့ပေမယ့် နှစ်ယောက်သားက လက်ထပ်တော့မည့် ဆက်‌ဆံရေးမျိုးဟု ဟန်ရှင်းမထင်ခဲ့ရိုးအမှန်ပင်။

"အဲ့ဦးလေးကြီးက မာမားရုံးကို ခနခနလာတာ ကော။ ဟိုတစ်ခေါက်က မီးတို့ကို မုန့်တွေ၀ယ်ကျွေးသွားတယ်"

"ဟုတ်တယ်။ မာမားကိုလည်းချစ်မယ့်ပုံပဲ"

မိန်မိန်းက အမဲသားခေါက်ဆွဲ ပူပူလောလောကို စားနေရင်း ပြောသည့်စကားကို ပိုင်ပိုင်ကထောက်ခံပေးသည်။ ဖြူစင်သည့် ကလေးတွေက ရိုးရိုးရှင်းရှင်း အတွေးကိုသာ တွေးတတ်ကြပေမယ့် ဟန်ရှင်းကတော့ မာမားကိုရော ပထွေးနှင့်နေရမည့် အငယ်နှစ်ယောက်ကိုပါ စိုးရိမ်ပူပန်သွားသည်။

အခုမှ အသက်လေးဆယ်ကျော်ရုံသာ ရှိသေးသည့် မာမားက နုပျိုပြီး စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာသည့်အတွက် ပါပါးမရှိသည့် ကြားထဲမှာတောင် ဟန်ရှင်းတို့ကို လူလားမြောက်အောင် ကောင်းကောင်းမွန်မွန် ပျိုးထောင်နိုင်ခဲ့တာဖြစ်သည်။ မာမား၏ တစ်ဦးတစ်ယောက်အပေါ်  မှီခိုအားထားချင်လာခြင်းကို ဟန်ရှင်းနားလည်သော်ငြား ကလေးတွေကတော့ ငယ်သေးသည်ဖြစ်ရာ အကယ်၌ ပထွေးဖြစ်သူက မကောင်းလျှင် မည်သို့မည်ပုံ လုပ်ရမလဲမသိပေ။ ဟန်ရှင်းက သားကြီးဖြစ်သည့်အတွက် ဒီလိုကိစ္စမျိုးကို မာမားကသူနှင့် အနည်းငယ် တိုင်တိုင်ပင်ပင်ရှိဖို့ ကောင်းပါသည်။ ဆိုင်းမဆင့်ဘုံမဆင့် ဤသို့ဆုံးဖြတ်လိုက်သည့်အပေါ် ဟန်ရှင်းလည်း နားမလည်နိုင်တော့ချေ။

The Lantern In My SkyWhere stories live. Discover now