Chapter [ 26 ]

8.2K 639 21
                                    

[Unicode]

Warning : Sexual Content Alert.

The following chapter contains adult scenes which may offend some readers.

Reader discretion is strongly advised.

မိုးရာသီ၏ မိုးစက်တွေက သစ်ရွက်တွေကို အိပဲ့ညွှတ်ကျသွားစေသည်အထိ သည်းထန်လွန်းလှသည်။ တစ်ခါတစ်ရံ ပြိုးပျက်၀င်းလက်သော လျှပ်စီးတွေကိုပါ ဖြတ်ခနဲမြင်ရသေး၏။ ဟန်ရှင်းတို့ မင်္ဂလာသက်တမ်းတောင် နှစ်နှစ်ပြည့်လုနီးနေပြီဖြစ်သည်။အချိန်ကြာလာသည်နှင့်အမျှ လက်ထပ်ပွဲနေ့မှာချည်နှောင်ဖြစ်ခဲ့သည့် အဖြူရောင်ချည်ကြိုးနည်းတူ မေတ္တာနှောင်ကြိုးကလည်း တင်းသထက်တင်းလာသည်။

သူတို့နှစ်ယောက် ‌ကျောင်းပိတ်ရက်ဆိုလျှင် ဖိန်းမူ၌အသစ်ဆောက်ထားသည့် အိမ်အသစ်မှာသွားနေကြပြီး ကျောင်းဖွင့်မှသာ အေးသာယာကို ပြန်လာကြတာဖြစ်သည်။ အတူရှိခဲ့သော ရက်ပေါင်းလေးရာကျော်အတွင်း ကတောက်ကဆတွေ အများကြီးဖြစ်ခဲ့သော်ငြား တစ်ယောက်ကိုတစ်ယောက် အသေအချာ နားလည်သွားပြီးနောက်ပိုင်းမှာတော့ အကြီးအကျယ်ရန်ဖြစ်တာမျိုး မရှိသလောက်နည်းသွားသည်။

ဒါပေမယ့် ဒီနေ့ July 16 က ဟန်ရှင်းရဲ့ နှစ်ဆယ်နှစ်ပြည့်မွေးနေ့ဖြစ်ပြီး ထိုအရာအား စိုင်းနွမ်းက တစ်နေကုန် မသိချင်ယောင်ဆောင်ထားလေရာ စိတ်ဆိုးချင်စိတ်လေး အနည်းငယ်ဖြစ်လာသည်။ မနက်အစောကြီး ဘုရားတူတူသွားကြပြီးသည့်တိုင် မွေးနေ့လက်ဆောင်နှင့် ဆုတောင်းစကားကိုတော့ တမင်ချန်လှပ်ထားလေသည်။

ညနေသုံးနာရီ ဟန်ရှင်း ကျောင်းကနေပြန်လာတော့ ခြေဖမိုးဖြူဖြူတွေက မိုးရေထိထားသည့်အတွက် ဇာခြည်တွန့်နေလေပြီ။ အကြည်ရောင်ထီးက ဟန်ရှင်း ခန္ဓာကိုယ်ကို မိုးဒဏ်မှကာကွယ်ပေးနိုင်သော်ငြား နက်ပြာရောင် စတိုင်ပန်ရဲ့ အောက်အနားစတွေရယ် ခြေထောက်တွေရယ်ကတော့ ရွှဲရွှဲစိုတာပင်။

အ၀တ်အစားလဲပြီးနောက် Green Tea ပူပူလေးတစ်ခွက်အရင်သောက်ရသည်။ ခန္ဓာကိုယ်ထဲသို့ အနွေးဓာတ်တွေ စီးနင်း၀င်ရောက်သွားမှ စိုစိစိဖြစ်သွားသည့် အ၀တ်တွေကို အ၀တ်စင်မှာတင် ဖြန့်လှန်းထားလိုက်သည်။ ပြီးနောက် ဆိုဖာမှာထိုင်ပြီး စိုင်းနွမ်းအိမ်ပြန်အလာကို မျှော်ရသည်။ အိမ်ရှေ့မှာရေအနည်းငယ်အိုင်နေပြီး မိုးပေါက်တွေက ရေလွှာပြင်ပေါ် ခပ်မြန်မြန်နှင့် အဆက်မပြတ် နှစ်၀င်သွားသည်။

The Lantern In My SkyWhere stories live. Discover now