[Unicode]
ရုန်းရင်းဆန်ခတ်ဖြစ်နေရာမှ အခြေအနေက အနည်းငယ် ပြန်တည်ငြိမ်လာသည့်အခါ ဟန်ရှင်းစိုင်းနွမ်းရဲ့ပေါင်ပေါ်မှာ ခွထိုင်လိုက်သည်။ ဆောင်းရာသီရဲ့နေ့တာက အင်မတန် တိုတောင်းလွန်းလှ၍ အပြင်ဘက်မှာ အလင်းရောင် စိုးစဉ်းမျှမရှိတော့ပေ။ လမ်းမီးတိုင်မှပျံ့လာသည့် အလင်းမျှင်တန်း ခပ်မှိန်မှိန်ကလေးဖြင့်တောင် စိုင်းနွမ်းမျက်နှာမှ ပူပန်သောကတွေကို သူခံစားလို့ရနေသည်။ ထို့နောက် စိုင်းနွမ်းရဲ့ ဆံပင်တိုတိုတွေထဲသို့ လက်ထိုးကာဖွလိုက်ပြီး ဟန်ရှင်း စိုင်းနွမ်းကို သူ့ရင်ခွင်ထဲမှာ ထွေးဖက်ထားလိုက်သည်။
သူတို့နှစ်ယောက် မကြာခဏဆိုသလို ဤသို့အချေအတင် ဖြစ်တတ်ကြပေမယ့် နောက်ဆုံးမှာတော့ တစ်ယောက်ကိုတစ်ယောက် လုံခြုံနွေးမြသည့်ခံစားချက်မျိုး ပေးနိုင်စွမ်းရှိနေဆဲပင်။ ဟန်ရှင်းစိုင်းနွမ်းရဲ့ဦးခေါင်းကို ရင်ခွင်ထဲထည့်ဖက်ထားကာ နောက်ကျောကိုပုတ်ပေးနေရင်း ရုတ်ချည်းစိုင်းနွမ်းရဲ့ လည်ပင်းထက်မှာ အနက်ရောင်အမှတ်တစ်ခုကို ဖြတ်ခနဲမြင်လိုက်သည်။
ဒဏ်ရာရထားတာလားဟုသော စိုးရိမ်စိတ်ဖြင့် ဘယ်ဘက်လက်ကိုမြှောက်ကာ ကားရဲ့အပေါ်က မီးခလုတ်ကိုဖွင့်လိုက်တော့ စိုင်းနွမ်းရဲ့ လည်ပင်းစောင်းမှာ တစ်လက်မအရွယ်ခန့်ရှိ သေးငယ်သော Barcode တက်တူးတစ်ခုက နေရာယူထားတာကို မြင်လိုက်ရသည်။ တက်တူးရဲ့အောက်ခြေမှာလည်း H A N S H I N ဟုပါ ရေးထားသေးသည်။ တက်တူးက သိပ်မကြာသေးမှီကမှ ထိုးထားဟန်တူပြီး အခုထိကို ထိုနေရာပတ်ပတ်လည်က ရဲသွေးကြွနေဆဲပင်။
"ကိုကို..."
ဟန်ရှင်း တက်တူးကိုလက်ညိုးထိပ်ဖြင့် ဖွဖွလေးထိတွေ့ရင်း သူ့အသံလှိုင်းတွေက တုန်ယင်လာခဲ့သည်။
"ပေါင်ပေါင်း! ကိုယ်မင်းကို အရမ်းလိုအပ်နေခဲ့တာ။ ကိုယ့်ကို ထပ်ပြီးမပစ်ထားပါနဲ့"
စိုင်းနွမ်းက ဟန်ရှင်းရဲ့ဆွယ်တာထဲ မျက်နှာနှစ်ကာ ရှိုက်သံတွေပါထွက်သည်အထိ ငိုကြွေးသည်။ ထိုစကားကိုကြားတော့ ဟန်ရှင်းရဲ့လည်မြို၀မှာ တစ်ခုခုခံနေသလိုခံစားရပြီး ဆို့နင့်လာသော ခံစားချက်တို့ပြည့်နှက်လာကာ မည်သည့်စကားကိုမှ မပြောနိုင်တော့ချေ။ စိုင်းနွမ်းက ဟန်ရှင်းကိုဂရုစိုက်တတ်ပေမယ့် သူ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုတော့ ဟန်ရှင်းအား လှစ်ဟပြောပြဖို့ ၀န်လေးလွန်းသည်။ အခက်အခဲတွေကြုံလျှင် သူ့တစ်ယောက်တည်းဖြေရှင်းပြီး အဆင်ပြေသွားမှသာ ဟန်ရှင်းကိုပြောပြသည်။ ယခုလိုသည်းသည်းထန်ထန် ငိုကြွေးတာကို မြင်ရတာကတော့ ပထမဆုံးပင်။ အဆုံးမှာတော့ ဟန်ရှင်း စိုင်းနွမ်းကို ခပ်တင်းတင်းထွေးဖက်ပြီး သူပါမျက်ရည်တွေ တစ်ဖန်ထပ်မံကျဆင်းလာခဲ့သည်။
YOU ARE READING
The Lantern In My Sky
Hayran Kurguʟᴇᴛ ᴛʜᴇ ʟɪɢʜᴛ ᴏꜰ ʟᴀɴᴛᴇʀɴ ꜱʜɪɴᴇ ɪɴ ʏᴏᴜʀ ʜᴇᴀʀᴛ. 𝚂𝚊𝚒 𝙷𝚜𝚎𝚗𝚐 𝙽𝚘𝚖 𝙺𝚑𝚊𝚖 × 𝙷𝚊𝚗 𝚂𝚑𝚒𝚗 𝐒𝐭𝐚𝐭𝐮𝐬 - 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝