Chapter [ 20 ]

8.9K 614 28
                                    

[Unicode]

စိုင်းနွမ်းက မီးဖိုခန်းထဲ၌ ယောင်လည်လည်လုပ်နေသော ဟန်ရှင်းကို Dark Chocolate တစ်ဖဲ့လှမ်းခွံ့လိုက်သည်။ သူတို့အတူတူလုပ်ဖို့ စီစဉ်ထားကြသော Nama Chocolate လုပ်နည်းက အလွန်ရိုးရှင်းလှ၏။ အရင်ဦးဆုံး Whipping Cream  ထဲကို ထောပတ်ခဲထည့်ပြီး ထောပတ်တွေ အရည်ပျော်သွားသည့် အနေအထားရောက်အောင် တည်ရသည်။

စိုင်းနွမ်းက ဟန်ရှင်းရဲ့နောက်ကျောဘက်ကနေ လက်တစ်ဖက်ဖြင့် ခါးတစ်ဝိုက်ကို သိမ်းဖက်ထားလျက် ကျန်လက်တစ်ဖက်က သစ်သားယောင်းမကို လက်ချင်းထပ်ကိုင်ကာ Cream ကို တဖြည်းဖြည်းချင်းမွှေသည်။ အပူလောင်မည်ဟူသော အကြောင်းပြချက်သေးသေးလေးဖြင့် စိုင်းနွမ်းက ဟန်ရှင်းကိုအလွတ်မပေးဘဲ ထိုအနေအထားအတိုင်း ဖမ်းဆွဲထားတော့သည်။

"ရပြီထင်တယ် ကိုကို"

"အိုခေ မီးပိတ်လိုက်တော့မယ်"

ထို့နောက် ကြွေဇလုံထဲမှာ အဆင်သင့်ထည့်ပြီးသား Dark Chocolate နှင့်ရောလိုက်တော့ Whipping Cream ရဲ့ အပူဓာတ်ဖြင့် Chocolate တွေက အရည်ပျော်ကာ တသားတည်း ဖြစ်သွားတော့သည်။ Mold ထဲထည့်ပြီး ရေခဲသေတ္တာ‌ထဲ၌ နာရီပိုင်းလောက် အအေးခံပြီးသည့်အခါ ကုဗတုံးပုံစံလှီးဖြတ်ပြီး Coco Powder ဖြင့် ဖြူးရုံပင်။

Chocolate Mold ကို ရေခဲသေတ္တာထဲသို့ ထည့်ပြီးသည့်အခါ ညစာချက်ပြုတ်ဖို့ပြင်ရသည်။ ဟန်ရှင်းက ထမင်းမစားချင်ဘူးဟု ဂျီကျထားသည့်အတွက် သူတို့နှစ်ယောက်ရဲ့ ညစာမီနူးက‌တော့ ရိုးရိုးရှင်းရှင်း ဟမ်ဘာဂါသာဖြစ်သည်။

"ကိုကို...ကျွန်‌တော် ဘာလုပ်ကူရဦးမလဲဗျ"

"ကိုယ့်ကို ဆလတ်ရွက်တွေဆေးပေး"

ဟန်ရှင်း ဆလတ်ရွက်တွေကို ရေဆေးပြီးနောက် ခြင်းလေးဖြင့် ရေစစ်ထားကာ Steak ကင်နေသည့် ကိုကို့နောက်ကျောကို ဖက်ထားလိုက်သည်။ ကျောပြင်ကျယ်ထက်မှာ မျက်နှာအပ်လိုက်တော့ ငွေ့ငွေ့လေးရသော ကိုယ်သင်းနံ့ကို အလိုအလျောက် ရှူရှိုက်မိလေသည်။

"ကိုကို့နားက အရမ်းမွှေးတာပဲ"

စိုင်းနွမ်းဆီမှ Patchouli အနံ့က သင်းပျံ့နေကာ ဟန်ရှင်းရဲ့ အာရုံက ထိုရနံ့နောက်ကို ပြေးလိုက်နေရသည်။

The Lantern In My SkyWhere stories live. Discover now