Chapter [ 37 ]

8.1K 584 33
                                    

[Unicode]

ဟန်ရှင်း စိုင်းနွမ်းမျက်နှာကို တစိမ့်စိမ့်ငေးကြည့်ရင်း ရင်ထဲမှာခံစားချက်တွေ ဂယက်ရိုက်နေသည်။ သူ့ကိုယ်သူ အရမ်းချူချာမှန်းသိပေမယ့် အခုလို အဆုတ်ရောင်ရောဂါ ဖြစ်နေမယ်လို့တော့ မထင်ခဲ့ရိုးအမှန်ပါ။ နမိုးနီးယားသည် သေချာမကုသပါက အသက်အန္တရာယ်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်ဟုသော ဆရာ၀န်ပြောစကားကို ကြားရခိုက်မှာ ကြောက်ရွံအားငယ်စိတ်တို့က အသွေးအသားထဲသို့ တရိပ်ရိပ်တိုး၀င်လေသည်။

ဟန်ရှင်း စိတ်ထဲမှာတော့ အသံပြာလာသည်အထိ စိုင်းနွမ်းကို အော်မြည်တမ်းတပါသော်ငြား လည်ချောင်း၀တွင် အသံတို့ပျောက်ဆုံးနေကာ  ပန်းဟိုက်လာသည်သာ အဖတ်တင်သည်။

'ကိုကို ကျွန်တော့်ကိုထားသွားမှာကော ကျွန်တော်မရှိဘဲ ကိုကိုကျန်နေခဲ့မှာကော အရမ်းကြောက်တယ်။ မြန်မြန်နိုးလာပြီး ကျွန်တော့်ကို နှစ်သိမ့်ပေးပါဦး'

အပြင်ဘက်မှာ မိုးကြိုးတွေ ထစ်ချုန်းလာသောအခါ တိုးညှင်းလှသော တအာအာအော်သံသာလျှင်  စိုင်းနွမ်းရဲ့နားစည်ထဲသို့ ရောက်သွားခဲ့သည်။

✉️သား ကိုကိုရှိတဲ့နေရာမှာပဲ ဆေးရုံတက်ချင်တယ် မေမေ✉️

ဟန်ရှင်း မေမေ့ကိုစာပို့ပြီးနောက် မေမေ့ပုခုံးပေါ်မှာ မျက်နှာအပ်ကာ မှီတွယ်နေလိုက်သည်။ မေမေ့ဆီမှရသော သနပ်ခါးရနံ့ သင်းသင်းလေးက သူ့စိတ်ကို အနည်းအကျဉ်းတော့ သက်သာရာရစေသည်။ ဟန်ရှင်း မေမေ့အပေါ် မှီကပ်ပြီး ချွဲနွဲ့နေတော့ မေမေက သူ့ခေါင်းလေးကို ကြင်ကြင်နာနာ ပွတ်သပ်ပေးလောသည်။ မွေးမိခင်မဟုတ်သော်ငြား ဟန်ရှင်းဆီမှာ မေမေတို့ရှိနေသည့်အတွက် ရှေ့ဆက်ဖို့ခွန်အားဖြစ်ရတာပင်။

သားနှစ်ယောက်လုံး မကျန်းမာကြတာကိုမြင်ရတာ ဒေါ်နန်းဟွမ်နွမ်းအတွက်လည်း ပြင်းပြသော ပူဆွေးခြင်းကို ဖြစ်စေခဲ့သည်။ စိုင်းနွမ်းက ဒီတစ်ပတ်လွန်လို့မှ သတိမရလျှင် ကိုမာ၀င်နိုင်သော ‌အခြေအနေဖြစ်သွားနိုင်ပြီး ဟန်ရှင်းကျတော့လည်း ရင်ဘတ်ထဲကခံစားချက်များအား အပြင်ကိုဖွင့်ထုတ်မရနိုင်သည့် ဝေဒနာက ဖိစီးနေသည်။

The Lantern In My SkyWhere stories live. Discover now