Chapter [ 28 ]

8.4K 602 18
                                    

[Unicode]

မိုးငွေ့ပါသော လေအေးသည် ပြတင်းတံခါးမှတစ်ဆင့် ဟန်ရှင်းရဲ့မျက်နှာနုနုကို ပွတ်သပ်ကျီစယ်သွားသည်။ အပြင်ဘက်မှာ တိမ်တိုက်ကားချပ်တွေ အနက်ရောင်သန်းလာသည်နှင့်အပြိုင် မိုးဖွဲလေးတွေလည်း မြေပြင်ထက်ကို တစ်ပေါက်ပြီးတစ်ပေါက် လွင့်စင်ကျလာသည်။

ဟန်ရှင်း ချက်လက်စဟင်းအိုးကို မီးလျှော့ကာ အပြင်ဘက်မှာလှန်းထားသည့် ကိုကို့ရှပ်အင်္ကျီတွေကို ပြေးရုတ်ရသည်။ တဖြောက်ဖြောက်ကျဆင်းလာသော မိုးရေစက်များသည် စင်ပေါ်မှအ၀တ်ကို လှမ်းယူလိုက်သည့် ဟန်ရှင်းရဲ့လက်ခုံထက်ကို ခပ်သဲသဲလေးလာရိုက်ခတ်၏။ ခြင်းအနီလေးထဲကို အ၀တ်တွေထည့်ပြီးသွားတော့ ခါးစောင်းလေးမှာတင်မ'ကာ အိမ်ထဲသို့ပြန်၀င်ခဲ့လိုက်သည်။

ဟန်ရှင်းတို့ မနှစ်ကပဲ အိမ်ပိုင်ရှင်အန်တီကြီးထံမှ ခွင့်ပြုချက်တောင်းကာ တစ်အိမ်လုံးကို ကိုကိုကြိုက်သည့် မိုးပြာရောင်နှင့် ဟန်ရှင်းသဘောကျတဲ့ အဖြူရောင်တွေ လွှမ်းမိုးသွားအောင် ပြင်ဆင်ခဲ့ကြသည်။ ခေါင်းအုံးမှစလို့ စားပွဲခင်းနှင့် ခန်းဆီးလိုက်ကာတွေကလည်း အဖြူရောင်ဇာအနားကွပ်လေးတွေပင်။ အပြာဖျော့ဖျော့ ဆိုဖာဆက်တီနှင့် နံရံမှာချိတ်ဆွဲထားသည့် ပင်လယ်ပန်းချီကားချပ်တွေက အဖြူရောင်တိမ်တိုက်တွေကြားမှာ ပြာလွင်နေတော့သည်။ ဧည့်ခန်းထဲမှာလည်း ကျောက်ပန်းချီအဖြစ် ပုံဖော်ဖန်တီးထားသည့် ရှမ်း၀တ်ဆုံဆင်တူ၀တ်ဖြင့် မင်္ဂလာဓာတ်ပုံလေးရှိသည်။ မေမေလက်ဆောင်ပေးသည့်ထိုပန်းချီကားကို ကိုကိုက တောဆန်တယ်ဟုပြောနေလို့ မေမေက တောသားပါးစပ်က တောဆန်တယ်ဆိုတဲ့ စကားထွက်လာသေးတယ်ဟုဆိုကာ စိုင်းနွမ်း ဂုတ်ပိုးကိုရိုက်သွားလေသည်။

အိမ်ရှေ့ဆင်၀င်မှာ ချိတ်ဆွဲထားသည့် လိပ်ပြာသစ်ခွပန်းပင်တွေကတော့ ဆယ့်သုံးအိုးတိတိရှိပြီဖြစ်သည်။ ဟန်ရှင်း စိတ်ကောက်တိုင်း စိုင်းနွမ်းက ပန်းအိုးလေးပေးပြီး စိတ်ပြေအောင် ချော့‌မော့တတ်သည်ကြောင့် သစ်ခွတွေက အ‌ဖော်တွေအများကြီးနှင့် အရောင်အသွေးစုံစုံလင်လင် ရှိနေတာပင်။

The Lantern In My SkyWhere stories live. Discover now