Chapter [ 34 ]

7.2K 511 30
                                    

[Unicode]

ဟန်ရှင်း Express ကားပေါ်မှဆင်းလိုက်တော့ အပြင်ဘက်မှ မနက်ခင်း လေအေးအေးတွေက သူ့ဆီကို ခပ်ကြမ်းကြမ်း ဝိုးဝှေ့လာသည်။ ရေဓာတ်ပါသော မြူခိုးတို့က သူ့မျက်နှာကို ပွတ်သီသွားသဖြင့် အကာအကွယ်မဲ့နေသော ပါးပြင်က တမုဟုတ်ချင်း အေးမြစိုစွတ်သွား၏။ ထိုအအေးဓာတ်ကို ခံနိုင်ရည်မရှိစွာ ဇက်ကလေးကိုပုရင်း သူငယ်ချင်းတွေနှင့် ဆရာတွေကိုနှုတ်ဆက်ကာ လမ်းတစ်ဖက်မှာ သူ့ကိုရပ်စောင့်နေသည့် စိုင်းနွမ်းဆီသို့ အသော့ကလေးနှင်လိုက်သည်။

ကားကကျောင်းရှေ့မှာတင် ရပ်ပေးသည့်အတွက် ဟန်ရှင်း စိုင်းနွမ်းနှင့်အတူ အိမ်ကိုလမ်းလျှောက်ပြန်ခဲ့ကြသည်။ ရင်ဘတ်ထဲမှာ တနင့်တပိုးဖြစ်နေသော အလွမ်းထုထည်ကို ဖြိုချချင်သော်ငြား လမ်းမဘေးမှာဖြစ်နေ၍ လက်ချောင်းအချင်းချင်းယှက်နွယ်ထားရုံ ၊ တစ်ယောက်နှင့်တစ်ယောက် ပူးပူးကပ်ကပ် လမ်းလျှောက်ကြရုံသာ တတ်နိုင်ခဲ့၏။

စိုင်းနွမ်းလက်ဖဝါးမှအနွေးဓာတ်က ဟန်ရှင်းဆီကို ကူးလူးလာပြီး သူ့မြင်လွှာမှာ ပါးလျသောအရည်ကြည်ပြင်ကို ဖြစ်လာစေသည်။  ဟန်ရှင်း အိမ်ထဲရောက်သည်နှင့် စိုင်းနွမ်းလည်တိုင်ကို လက်ဖြင့်သွယ်ချိတ်ကာ အနမ်းတွေကို သူ့ဘက်မှစတင်လိုက်သည်။ ဟန်ရှင်း၏ ခါးသွယ်သွယ်က စိုင်းနွမ်းထံမှ အတင်းအကြပ် ဆုပ်ဖျစ်ခြင်းကိုခံရပြီး အောက်နှုတ်ခမ်းတစ်ခုလုံးလည်း သွားစွယ်ချွန်နှစ်ခု၏ တတိတိကိုက်ခြင်းကိုခံရသည်။

အနမ်းတွေကြားမှ ဟန်ရှင်း၏ ကိုကိုဟုတမ်းတမ်းတတခေါ်သံက စိုင်းနွမ်းရဲ့ စိတ်အဟုန်ကို ချုပ်တည်းမှု ကင်းမဲ့စေတာပင်။ နံရံထက်မှာ ပန်းဟိုက်နေသည့် ဟန်ရှင်းကို ဒူးဆစ်အောက်မှလက်လျှို၍ ပွေ့ချီကာ အိပ်ခန်းထဲသို့ ခေါ်သွားလိုက်သည်။ စိုင်းနွမ်းရဲ့ လက်ဖဝါးနှင့် တိုက်ရိုက်ထိစပ်ရာ ဟန်ရှင်းရဲ့ ဗိုက်သားပြင်က အပူဓာတ်ကို အလွယ်တကူ လက်သင့်ခံရသည်။ ရေမွှေးနံ့မဟုတ်သည့် စိုင်းနွမ်းထံမှ တိုက်ရိုက်ရသော ကိုယ်သင်းနံ့က ဟန်ရှင်းစိတ်ကို လွယ်ကူစွာရစ်ထွေသွားနိုင်လေသည်။

The Lantern In My SkyWhere stories live. Discover now