တောင်းဆု
🌼pann
Part (11)
ကျွန်တော်အိမ်ပြန်ရောက်တော့ ဦးညွှန့်လှိုင်တို့မိသားစုက ပြုံးပြုံးရွှင်ရွှင်နဲ့ရှိနေကြတာမြင်တော့ ဘာများပျော်စရာတွေ ရှိနေကြလို့ပါလိမ့်လို့ စိတ်ထဲတွေးမိသည်..။
" ဟော.. ပြောရင်းဆိုရင်း အိမ်ပြန်ရောက်လာပြီ"
ဦးညွှန့်လှိုင်က ကျွန်တော့်ကိုကြည့်ပြီး ရည်ညွှန်းပြောတော့ တခြားသူတွေပါလှည့်ကြည့်လာသည်..။
ဘာလဲ.. ငါ့အကြောင်းပြောနေကြတာလား ။
ဘာတွေပြောနေကြတာလဲ..။
" လာ.. ထိုင်ပါအုံး "
" ဟုတ်ကဲ့.. "
ဧည့်ခန်းသွားပြီး လွတ်နေတဲ့ခုံမှာ ဝင်ထိုင်လိုက်သည်..။
" ဟိုတစ်ခါ ဦးလေးကိုအကြံပေးထားတဲ့ ရှယ်ယာကိစ္စလေ.. "
" ဟုတ်ကဲ့.. "
" အဲ့ဒါဦးလေး စုထားတာလေးနည်းနည်းလောက်ရင်းနှီးလိုက်တာကို ဒီနေ့တင်ပဲ ရှယ်ယာဈေးတွေခုန်တက်တာများကွာ ကြည့်လို့လှချက်.. ခုထိမျက်လုံးထဲတောင် အစိမ်းရောင်မြှားပဲမြင်နေတာ.."
ဘာများလဲလို့..။
အဲ့လောက်က ကိုယ်ကျွမ်းကျင်ပြီးသားနယ်မြေပဲကို..။
" ဟုတ်လား.. ဒါဆိုရင် တော်သေးတာပေါ့.. ကျွန်တော်မတတ်တခေါက်လေးနဲ့ စဉ်းစားကြည့်ပြီးတော့ ပါးစပ်ပြောထွက်မိတာမို့ တစ်ခုခုသာအလွဲချော်ဖြစ်သွားရင်.. ကျွန်တော့်ကြောင့်ဆိုပြီးအပြစ်တင်နေမိတော့မှာ.. "
" အို.. ဘာဆိုင်လဲကွာ.. မင်းကပါးစပ်ကပြောရုံပြောပေမယ့် ဦးလေးကလက်တွေ့ကိုယ့်ပိုက်ဆံကိုယ်သွားရင်းနှီးလိုက်တာလေ..မင်းကအတင်းဦးလေးပိုက်ဆံယူပြီး လုပ်တာမှမဟုတ်ဘဲ..ဘာအပြစ်တင်စရာအကြောင်းမှမရှိဘူး..ပြီးတော့မင်းပြောတာလည်း ယုတ္တိရှိပြီးဖြစ်နိုင်ချေတွေ တွေးပြောတာပဲလေ.. ဦးလေးကမင်းအတွေးတွေကို ယုံကြည်လို့ ကိုယ့်ကံကြမ္မာကိုယ်လောင်းကြေးထပ်လိုက်ကြည့်ရုံပဲ.. ရှုံးတာနိုင်တာ ဦးလေးပဲခံရမှာပါ.. မင်းကအစားခံပေးစရာမလိုပါဘူး..သက်သက်စီ သက်သက်စီကြီး.."

YOU ARE READING
တောင်းဆု
Romance" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...