တောင်းဆု
🌼pann
Part (20)
" နှစ်ဖက်လုံး hotel တွေချည်း လာဆောက်ကြတာပဲ.."
နှစ်ဖက်က တစ်ဖက်ထဲဆိုတာ မသိသေးလို့ပါ..။
" ကောင်းတာပေါ့.. နောက်ဆို ပိုးရဲ့ခြံဈေးက အများကြီးခုန်တက်တော့မှာ "
" မြေဈေးကတော့ အတက်ချည်းပဲ.. "
" အသံက ဘယ်လိုဖြစ်တာလဲ.. "
" ဘာကိုလဲ.. "
" အသံက စိတ်မပါသလိုပဲ.. "
" ဪ..မြေဈေးဘယ်လောက်တက်တက် ပိုးမှမြေကိုထုတ်ရောင်းဖို့ မတွေးထားတာ.. "
ခုထိ နုဝေခက်ပိုးရဲ့အတွေးတွေ မပြောင်းလဲသေးဘူး..။
" ပိုးက ဒီမြေကိုဒီအတိုင်းပဲထားထားမလို့လား.."
" ဒီတိုင်းကြီးထားဖို့တော့ ပိုးမတွေးထားပါဘူး.."
" ဒီတိုင်းမထားဘူးဆို ပိုးကဘာလုပ်ချင်တာလဲ.."
" ပိုးလား... "
နုဝေခက်ပိုးရဲ့အပြုံးတွေက ချက်ချင်းလန်းလာပြီး လည်လေးလိမ်ကာ ခြံကိုလှမ်းကြည့်ပြီး..
" ပိုးက ဒီရှေ့ပိုင်းလောက်မှာ အိမ်လေးတစ်အိမ်ဆောက်ချင်တယ်.. မိသားစုအိမ်လေး..ပိုးတို့ငယ်ငယ်ကတည်းက အဖေတို့ကဒီခြံကိုလာပြထားတာလေ..ပိုးအတွက်က ဒီခြံ.. အငယ်ကောင်အတွက်ကျ သက်သက်ခြံရှိသေးတယ်.. အရင်ကတည်းက ပိုးဒီမြေကြီးကို ပိုးဘာလုပ်ရရင်ကောင်းမလဲနဲ့စဉ်းစားထားတာ.. တကယ်လို့..ပိုး.."
နုဝေခက်ပိုးက စကားပြောရင်း ကိုယ့်ကိုရှက်ရွံနေတဲ့အကြည့်နဲ့ ကြည့်သေးတယ်.. ကြည့်ပြီးမှ ခေါင်းလွှဲသွားကာ ။
" ပိုးသာ.. အိမ်ထောင်ကျရရင်ပေါ့.. ဒီခြံထဲမှာပဲ ပိုးစိတ်ကြိုက်အိမ်လေး ဆောက်ချင်တယ်.. ရှေ့မျက်နှာစာကို ပန်းမျိုးစုံစိုက်ထားမယ်.. ကားထားဖို့အတွက် ဂိုဒေါင်ကို ဒီဘက်မှာ သပ်သပ်ရပ်ရပ်လေးလုပ်ထားမယ်.. ပြီးတော့အိမ်ကိုရှေ့တိုးပြီး ခြံဝန်းတံတိုင်းနဲ့နီးနီးလေးမဆောက်ဘူး.. သူများတွေလိုလေ ကတ္တရာလမ်းလေးခင်းပြီး ကားနည်းနည်းမောင်းဝင်လာလို့ရတဲ့အနေထားလောက်မှာ အိမ်ဆောက်ထားမယ်..ဝင်လာတဲ့လမ်းမှာလည်း သစ်ပင်တွေကိုစိုက်ပြီး ကပ်ကြေးနဲ့ညှပ်ပြီး ပုံဖော်ထားမယ်..အိမ်နောက်နားလေးမှာကျ နေရာအကျယ်ကြီးကျန်သေးတော့ ပိုးက ပျိုးခင်းခြံကြီးလုပ်ရင်ကောင်းမလားလို့.. စပျစ်စိုက်ရမလား ပန်းသီးလား လိမ္မော်လား..စတော်ဘယ်ရီလား တစ်ခုခုကိုအတန်းလိုက်လေး စီစီရီရီ စိုက်ထားချင်တာ..နောက်ခံမှာက တောင်ကုန်းတွေလည်းရှိတော့ romantic ဆန်ဆန်လေးပေါ့.. နားရိပ်ဆောင်လေးတစ်လုံးလည်း ဆောက်ထားချင်တယ်.. ပြီးရင် နေရာတစ်နေရာသတ်မှတ်ပြီးခြံထွက်သီးနှံတို့ ဟင်းသီးဟင်းရွက်တွေလည်းစိုက်ထားမယ်..နောက် ကလေးတွေ..ရလာရင်လည်း သူတို့အတွက်သူတို့ကြိုက်တဲ့ဝါသနာပါတဲ့အရာတွေလုပ်ရအောင် သူတို့အကြိုက်လိုက်ပြီး ခြံထဲမှာပုံဖော်ပေးမယ်.. ရေကူးကန်လေးလည်း ထားမယ်..ပိုး စဉ်းစားထားတာအများကြီး.. "

YOU ARE READING
တောင်းဆု
Romance" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...