Part (30)

109 8 0
                                    

တောင်းဆု





🌼pann





Part (30)




မင်းဆက်ဟန် ဒီမနက်တော့ အစောကြီး ရုံးကိုမသွားဘဲ နေလိုက်သည်..။

သွားလို့လည်းမဖြစ်ဘူးလေ.. ညကပိုးငိုပြီးပြောထားတာ ။

ပိုးငိုတော့ ကိုယ်လည်းစိတ်ထဲတစ်မျိုးကြီးဖြစ်နေတာ..။

ပိုးကို ကိုယ်ကစိတ်ချမ်းသာနေအောင်ပဲ ထားသင့်တာမဟုတ်လား..။

မပြီးပြတ်သေးတဲ့ကိစ္စတစ်ခုကလည်း ရှိနေသေးတယ်..။

ဒါတွေအတွက် ပိုးစိတ်ကျေနပ်အောင်ပဲ အရင်ကြိုးစားအုံးမှဖြစ်မှာ..။

သီဟကိုလည်း နည်းနည်းနောက်ကျမှသွားကြဖို့ အကြောင်းကြားထားပြီးပြီ..။

ခြံထဲမှာပဲမနက်လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးလိုက်သည်..။

ရေချိုးပြီးအဝတ်လဲကာ ခေါင်းကိုတဘက်နဲ့သုတ်ရင်း အိပ်ပျော်နေတဲ့ပိုးမျက်နှာလေးကို ငေးကြည့်မိသွားသည်..။

ညတုန်းက ငိုနေခဲ့တဲ့မျက်နှာလေးနဲ့တခြားစီ..။

မျက်တောင်လေးတွေ ဖိကပ်ပြီးအိပ်ပျော်နေပုံက အပူပင်ကင်းကင်းနဲ့ ကြည်ကြည်လင်လင်ပဲ..။

ပိုးမျက်နှာလေးငေးကြည့်ရင်းနဲ့ ကုတင်မှာ ဝင်ထိုင်လိုက်သည်..။

မျက်နှာလေးပေါ်ကျနေတဲ့ ဆံစလေးကို ဖယ်ပေးလိုက်မိသည်..။

" အဟင်း.. "

ပိုးက ကိုယ့်လက်လေးကိုလှမ်းကိုင်ပြီး သူ့ပါးပြင်အောက်ထိုးထည့်တော့ ပြုံးမိသည်..။

" နိုးပြီလား.. "

" မသွားသေးဘူးလား.. "

စကားတော့ပြန်ပြောပါတယ်.. မျက်လုံးကခုထိမဖွင့်သေးတာတစ်ခုပဲ ။

" မသွားသေးဘူး.. ညတုန်းက ကောင်မလေးတစ်ယောက်က မနက်အစောကြီး အလုပ်ထသွားတတ်လို့ဆူပြီး ကိုယ့်ကိုဆူထားတယ် "

" ဟင့်.. အဲ့ဒါနဲ့ပဲ မသွားတာပေါ့ "

" အင်းပေါ့.. ကိုယ်က သူ့ကိုကြောက်ရတယ်လေ"

" အဟွင့်... "

ပိုးက မျက်လုံးမှိတ်ထားရင်းနဲ့ သဘောကျပြီးရယ်လိုက်သေးတာ..။

တောင်းဆုWhere stories live. Discover now