Part (39)

85 5 1
                                    

တောင်းဆု





🌼pann




Part (39)





" သူ႒ေး... သူ႒ေး.. "

ရုံးခန်းထဲမှာ လုပ်ငန်းရှင်တွေနဲ့စကားပြောနေတာကို သီဟဆိုတဲ့ကောင်အလိုက်ကမ်းဆိုးမသိ ဇွတ်အတင်းပြေးဝင်လာတာ.. ။

" သီဟ.. "

မျက်ခုံးတွန့်ပြီး ကြည့်လိုက်ရင်း သီဟကိုမျက်နှာရိပ်ကဲပြရတယ်.. ။

အိန္ဒေထြိန်းစမ်း သီဟလင်း..။

" သူ႒ေး... "

ဒီလောက်ထိန်းဖို့ပြောနေတာတောင် သီဟဆိုတဲ့ကောင် သဘောမပေါက်ပုံများ ထငေါက်ပစ်ဖို့တောင်ကောင်းတယ်.. ။

" သီဟ.. ဒီမှာ စကားပြောနေတယ်လေ "

" သူ႒ေး.. ခဏ "

" ဘာလဲ.. "

သီဟကလက်လေးကာထားရင်း ကိုယ့်နားနားကပ်ထားပြီးပြောတာက..

" ဆိုဒ်ထဲ မမလေးရောက်နေတယ်.. "

" ပိုးလား.. "

" ဟုတ်ကဲ့.. မမလေး ဟိုမှာသောင်းကျန်းနေတယ်ကြားတယ်သူဋ္ဌေး "

" ဟမ်.. ဘယ်လိုသောင်းကျန်းလို့လဲ "

" အခြေနေတော့အတိကျမသိသေးပေမယ့် မိန်းကလေးတစ်ယောက်ငိုလည်းငိုပြီး ပစ္စည်းတွေလွှတ်ပစ်နေတယ်လို့ ဖုန်းဆက်ပြောလာတယ်.. ပုံလည်းပို့လာတယ်.. အဲ့မိန်းကလေးက မမလေးမှမမလေးသူဋ္ဌေး.. ကျွန်တော်တို့ သွားကြည့်မှရမယ်သူဋ္ဌေး.. "

" ပိုးဆိုတာ သေချာလား.. "

" ဒီမွာ သူ႒ေး.. "

သီဟကသူ့ဖုန်းကို ဖွင့်ပြလို့သေချာယူကြည့်လိုက်တော့ တကယ်ကိုပိုးမှပိုးပဲ.. ။

" အရေးကြီးကိစ္စရှိလို့ ဒီနေ့ကျွန်တော့်ကိုခွင့်ပြုပါအုံး.. နောက်မှပြန်ချိန်းပြီးတွေ့ကြတာပေါ့.. ကျွန်တော်ခုတော့မသွားမဖြစ်လို့ပေါ့.. ကျွန်တော်အနူးညွှတ်တောင်းပန်ပါတယ် "

သွက်သွက်လက်လက်စကားအပြီးသတ်ပြီး ရုံးကနေအမြန်ထွက်လာခဲ့လိုက်သည်.. ။

လမ်းတစ်လမ်းလုံးလည်း ပိုးဆီဖုန်းဆက်ပေမယ့် ပိုးဘက်ကဖုန်းမကိုင်ဘူး.. ။

တောင်းဆုOnde histórias criam vida. Descubra agora