Part (25)

65 9 0
                                    

တောင်းဆု





🌼pann




Part (25)





ကိုဟန်က အဖေ့ကိုလိုက်ပို့ပြီးမှ ရောက်လာပေမယ့် ညသန်းခေါင်ယံကြီး မနားမနေဘဲ ရောက်ချလာပေးတာနဲ့တင် ပိုးမှာစိတ်ဆိုးစိတ်ကောက်ရမယ့်အစား သူ့ကိုတောင်ပြန်အားနာနေရသည်..။

ကိုယ့်စိတ်ကိုယ်ထိန်းနေပေမယ့် ညက ကိုဟန့်မျက်နှာလေးတွေ့လိုက်ရတော့ ဝမ်းနည်းပြီးငိုချင်သွားတာ..။

အဲ့ဒါကြောင့် ကိုဟန့်ရင်ခွင်ထဲပြေးဝင်ပြီး ပိုးအားကုန်တဲ့ထိကို ငိုချပစ်တာ..။

ငိုရင်းနဲ့ ပိုးအိပ်ပျော်သွားခဲ့တာ..။

ခုမနက်ကျ ပိုးနိုးလာတဲ့ချိန် အောက်ကိုဆင်းသွားတော့ အလုပ်ရှုပ်နေကြပြီ..။

အားလုံးကိုယ်စီခြေရှုပ်နေကြပေမယ့် ကိုဟန်ကပဲ ဒီနေ့ကျွေးမွေးမယ့်ပွဲကို ဦးဆောင်ပြီးလုပ်ပေးနေတာတဲ့လေ..။

ဒီရက်ပိုင်း ပင်ပန်းနေတဲ့ အငယ်ကောင်လည်း ကိုဟန်ရောက်လာလို့ သူလည်းသက်သာနေတာဆိုပြီး ပိုးကိုတီးတိုးလာရင်ဖွင့်လို့..။

အစ်ကို တစ်ယောက်လို ခင်မင်အားကိုးတဲ့ အငယ်ကောင်ကြောင့် ပိုးရွေးချယ်ထားတဲ့လူက အဆိုးကြီးမဟုတ်ဘူးမဟုတ်လား..။

ဒီနေ့တစ်နေ့လုံးလည်း ဧည့်သည်တွေဖိတ်ပြီး ကျွေးမွေးတာနဲ့တင် အချိန်ကုန်ပြန်သည်..။

ပစ္စည်းတွေ သိမ်းဆည်းရှင်းလင်းပြီးတဲ့ချိန်ကျတော့ မိုးတောင်ချုပ်ပေါ့..။

အငယ်ကောင်က သူ့သူငယ်ချင်းကို လိုက်ပို့ပေးမလို့ဆိုပြီး ထွက်သွားသည်..။

ပိုးလည်း ဧည့်ခန်းကစားပွဲပေါ်မှာကျန်နေသေးတဲ့ ဖန်ခွက်တွေကို သိမ်းပြီးဆေးကြောခဲ့ကာ ထားခဲ့ပြီး ထွက်လာတော့ အမေ့အခန်းကနေထွက်လာတဲ့ကိုဟန့်ကို တွေ့လိုက်သည်..။

" ကိုဟန်.. "

" ပိုး.. "

ကိုဟန်က ပိုးဆီလျှောက်လာသည်..။

" ဧည့်သည်တွေ ကုန်ပြီလား.. "

" အင်း.. အမေဘာဖြစ်လို့လဲ "

တောင်းဆုWhere stories live. Discover now