တောင်းဆု
🌼pann
Part (40)
အိမ်ပြန်ရောက်တော့ ပိုးကိုများ တစ်ယောက်ယောက်ဖမ်းခေါ်သွားသလားဆိုပြီး ဒေါနဲ့မာန်နဲ့ cctv record ကိုပြန်ကြည့်မှ နောက်ပြန်လဲချင်ပြီ.. ။
ပိုးက သူကိုယ်တိုင် သူ့ခြေထောက်နဲ့သူ ထွက်သွားတာပဲ.. ။
ကျစ်.. ပိုးရာ ။
" ပိုးကို သေချာလိုက်ရှာကြ.. "
ပိုးရဲ့အိမ်ကို လူအစောင့်တွေနဲ့သေချာချထားခိုင်းပြီး ပိုးကိုတွေ့တာနဲ့အကြောင်းကြားပေးဖို့ ပြောထားလိုက်သည်.. ။
ကိုယ်ကတော့ သီဟနဲ့ ပိုးအမေ ကိုယ့်ယောက္ခမရှိတဲ့နေရာဆီ သွားကြည့်ရသည်.. ။
ဆရာလေးကို ဦးတိုက်လျှောက်မေးတော့ ဆရာလေးဆီမလာပါဘူးတဲ့.. ။
ဆရာလေးဆီက ဘာသတင်းစကားမှမကြားခဲ့ရပေမယ့် ကိုယ့်ဖြစ်စဉ်အကြောင်းစုံကိုတော့ ရှင်းပြရသည်.. ။
ဒေါသမာန်မာနတော့ သိပ်မပြပေမယ့် မျက်ရည်လေးဝဲပြီး ပိုးကိုစိတ်ပူတဲ့အကြောင်းနဲ့ ပိုးကိုသေချာရှာပေးကြဖို့မှာသည်.. ။
ကိုယ်လည်းသေချာကတိပေးခဲ့ပြီး ပြန်လာခဲ့ရသည်.. ။
အလုပ်လည်းမသွားဖြစ်ပါဘူး.. ။
အလုပ်ကိစ္စတွေလည်း စိတ်ထဲထည့်ထားမနေပါဘူး.. ။
ရောက်ကိုမရောက်နေတာပါ.. ။
အရာအားလုံးထက် ပိုးကိုပဲတွေ့ချင်တယ်.. ။
ပိုးကို ရှင်းပြချင်တယ်.. ။
' ပိုးကွာ... မပြောမဆိုနဲ့ ဘယ်တွေသွားနေတာလဲကွာ.. '
ရင်ထဲမှာတော့ လဲပြိုပြီး ငိုနေပြီ ပိုး.. ။
" သီဟ.. ပိုး ဆိုဒ်ကိုများ ပြန်သွားတာလားမသိဘူး.. အဲ့ဘက်ကိုမောင်းလိုက် "
" စောနက ကျွန်တော်ဖုန်းဆက်လှမ်းမေးထားပြီးပြီ သူဋ္ဌေး.. မမလေး အဲ့ဘက်ကိုမလာဘူးတဲ့ "
" သေရောသေချာရဲ့လား.. သူတို့မှပိုးကိုမမြင်ဖူးတာ.. "
" သေချာပါတယ် သူဋ္ဌေး.. မနေ့က သူတို့တွေ့လိုက်တာပဲ "

YOU ARE READING
တောင်းဆု
Romance" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...