တောင်းဆု
pann
Part (15)
နုဝေခက်ပိုး ကားရပ်လိုက်တော့ ကျွန်တော်လည်းကားရပ်လိုက်ရသည်..။
ဘယ်ကိုခေါ်လာတာလဲ..။
ကျွန်တော် ဘေးပတ်ဝန်းကျင်ကိုစူးစမ်းနေတဲ့ချိန် နုဝေခက်ပိုးက သူ့ကားကနေဆင်းပြီး ကျွန်တော့်ကားနားကို လျှောက်လာသည်..။
" ကိုမင်းဆက်ဟန် ဒီမှာခဏစောင့်အုံးနော်.. "
ကျွန်တော်မဖြေဘဲ သူ့ကိုပဲကြည့်နေမိသည်..။
သူကတော့ ကျွန်တော့်ကိုခပ်ဖော့ဖော့အပြုံးလေးပဲ ပြုံးပြပြီး နောက်ဖက်ကိုတစ်ယောက်ထဲလမ်းလျှောက်သွားတာကို back mirror ကနေမြင်နေရသည်..။
ဘယ်သွားပြန်တာလဲ..။
အနောက်ဘက်ကိုကိစ္စရှိလို့ သွားစရာရှိရင်လည်း ခုလိုလမ်းလျှောက်သွားမနေဘဲ အဲ့နားမှာပဲကားရပ်လိုက်ရင် ဖြစ်တဲ့ကိစ္စကို.. သက်သက် အပင်ပန်းခံလို့ ။
သူကလည်း ပြောခဲ့တာစောင့်အုံးတဲ့..။
စောင့်ဆိုမှတော့ ကျွန်တော်လည်းလိုက်သွားမနေဘဲထိုင်စောင့်နေလိုက်သည်..။
ဒါပေမယ့်အကြာကြီးစောင့်မနေရဘဲ နုဝေခက်ပိုးကြွပ်ကြွပ်အိတ်သေးတစ်လုံး ကိုင်ပြီးပြန်ထွက်လာသည်..။
" ကိုမင်းဆက်ဟန် ဆင်းခဲ့လေ.. "
" ဘယ်သွားအုံးမလို့လဲ.. အိမ်ပြန်နောက်ကျနေပြီ အဒေါ်တို့တွေ စိတ်ပူနေလိမ့်မယ်.. "
" ပိုး ပြောထားပြီးသားပါ..ဆင်းခဲ့လိုက် "
ခေါ်တော့လည်း ဆင်းတာပေါ့..။
ကိုယ့်အတွက်အကျိုးယုတ်စရာမှမရှိ..။
သူနဲ့ကိုယ်အချိန်ပိုကြာကြာ အတူရှိရတော့ ပိုလို့တောင် ကိုယ့်အတွက် အဆင်ပြေသေးတယ်..။
နုဝေခက်ပိုး ဝင်သွားတော့ လမ်းဘေးမှာဖွင့်ထားတဲ့ဆိုင်တစ်ဆိုင်ထဲကို..။
" ဒီအပြင်မှာပဲ ထိုင်ရအောင်.. "
နုဝေခက်ပိုးက အပြင်မှာပဲထီးဖြူဖွင့်ကာ စားပွဲခင်းကျင်းထားတဲ့ ဝိုင်းတွေထဲကမှ အလယ်ကျကျခုံဝိုင်းမှာပဲ ရွေးထိုင်သည်.. ။

YOU ARE READING
တောင်းဆု
Romance" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...