Part (27)

51 7 0
                                    

တောင်းဆု





🌼pann




Part (27)





နောက်ရက်မနက်ခင်းသတင်းစာတိုင်းရဲ့ ခေါင်းစီးမှာ ပိုးတို့ရဲ့မင်္ဂလာသတင်း ပါလာသည်..။

ပိုးက ပွဲသေးလေးပဲလုပ်ရအောင်ပြောခဲ့လို့ ကိုဟန့်ဘက်က ဘယ်သူ့ကိုမှ မဖိတ်ခဲ့ဖြစ်ဘူး.. အသိုင်းဝိုင်းကြီးထဲကဆိုတော့ တစ်ယောက်သိရင်ကို ပွဲကကြီးတော့မှာ ။

သတင်းထောက်ပါ ပါလာမယ်.. ပါးစပ်သတင်းအရနဲ့တင် ပျံ့သွားအုံးမယ် ။

အဘက်ဘက်ကနေတွေးတော့ ကိုဟန့်ဘက်ကလူကို ပိုးတို့ရဲ့မင်္ဂလာပွဲကို မဖိတ်ခဲ့လိုက်ဘူး.. ကိုဟန့်ရဲ့ PA နဲ့ ရှေ့နေပဲ ပွဲတက်ဖြစ်တာ ။

ပိုးတို့ဘက်လည်း များများစားစားကြီး မဖိတ်နေတော့.. ရင်းနှီးတဲ့သူတွေပဲဖိတ်လိုက်ရုံပဲ ။

ပွဲကိုသာ အကျဉ်းရုံးလေးလုပ်လိုက်ပေမယ့် ကိုဟန်ကသူလက်ထပ်ပြီးသွားတဲ့အကြောင်း အသိပေးဖို့အတွက် ကိုဟန်လုပ်အုံးမှာလို့ ပိုးကိုကြိုပြောထားပါတယ်..။

ပြောထားတဲ့အတိုင်းကို သတင်းစာမှာ ဒီမနက်တင်ကိုပါလာပြီ..။

ပုံကသုံးပုံပါ..။

တစ်ပုံက ကိုဟန်နဲ့ပိုး လက်မှတ်ရေးထိုးနေကြတဲ့ကျောပြင်နှစ်ခု..။

တစ်ပုံက ကိုဟန်နဲ့ပိုးနှစ်ယောက်အတူ ဘေးချင်းယှဉ်ရပ်ထားတဲ့ပုံ.. ။

ဘေးထောင့်ကနေရိုက်ထားတဲ့ပုံမို့ ဟန်ပြင်တွေပဲကောင်းကောင်းမြင်နိုင်တယ်.. မျက်နှာကဘယ်လိုအချိုးစား ဘယ်လိုဘယ်ပုံဆိုပြီးအတိကျပြောဖို့ကျ မသေချာ..။

နောက်တစ်ပုံကျတော့ ပိုးတို့ရဲ့ကတိသက်သေ စာချုပ်..စာချုပ်ဘေးမှာ ဖောင်တိန် အနက်ရောင်လေးပါ ပါတယ် ။

မျက်နှာထက် ကျောပုံပဲပြတာက ကိုဟန်ကိုယ်တိုင်ကလည်း ရှေ့ထွက်မျက်နှာပြတာခပ်ရှားရှားမို့ ကျောပုံပဲပြဖြစ်ကြတာ.. ပိုးကိုယ်တိုင်လည်း အားလုံးရဲ့မျက်စိအောက်မှာနေရတာ မနေတတ်ဘူး ။

ကိုယ်တစ်ယောက်ထဲ မီးရောင်အောက် ရောက်နေတဲ့အနေထားက အနေခက်ရတာမို့ မျက်နှာတွေအရှင်းလင်းဖော်ပြတာမျိုးကို ပိုးလည်းမကြိုက်..။

တောင်းဆုWhere stories live. Discover now