တောင်းဆု
🌼pann
Part (9)
ဒီနေ့အားလပ်ရက်မှာ အပြင်ခဏထွက်ချင်တယ်လို့ပြောပြီး ကိုယ့်အိမ်ဘက်ပြန်သွားပြီး ခုပြန်လာတာ..။
ကားကိုတော့ ပုံမှန်ရပ်တဲ့နေရာမှာရပ်ခိုင်းခဲ့ပြီး ဦးညွှန့်လှိုင်အိမ်ထိကို လမ်းလျှောက်ပြန်လာလိုက်တာ..။
လမ်းလျှောက်ပြန်လာရင်း ခြံဝန်းတံခါးက ကြိုဖွင့်ထားတာ လှမ်းမြင်နေရသည်..။
ကျွန်တော်လည်း ပုံမှန်နုန်းနဲ့ပဲဆက်လျှောက်သွားပြီး ခြံဝန်းထဲဝင်တော့ မြတ်မင်းလှိုင်ကားကခြံဝန်းနားထိရောက်နေပြီ..။
သူက ကျွန်တော့်ကိုလည်းမြင်ရော ကျွန်တော့်နားမှာကားကိုရပ်လိုက်သည်..။
" အစ်ကို့ ပြန်လာပြီလား.. "
" အင်.. အပြင်သွားမလို့လား "
" ဟုတ်တယ်.. အဟမ်း "
ကားပြတင်းပေါက်ကနေ သူ့ခေါင်းထွက်လာပြီး အနောက်ကိုလှမ်းချောင်းကြည့်ပြန်သည်..။
ဘာဖြစ်လို့လဲ.. ။
" ကျွန်တော်ကြိုက်တဲ့ ကောင်မလေးကို သွားလိုက်မို့.. သူငယ်ချင်းတွေက ကျွန်တော့်ကောင်မလေးကို လှမ်းတွေ့တယ်ဆိုပြီး ဖုန်းလှမ်းဆက်လို့..ခဏသွားပြီး ပြန်လာခဲ့မယ်..အိမ်ကမေးရင်လည်း အပြင်ခဏသွားတယ်လို့ပဲပြောပေးနော်.."
အသံတိုးတိုးလေးနဲ့ ကျွန်တော်ကြားအောင်ပြောပြနေတာ..။
" အင်.. ပြောပေးမယ် "
" အဲ့ဒါဆို သွားလိုက်အုံးမယ်.. ပြန်လာကျရင် မုန့်ဝယ်ခဲ့မယ်နော်.. တာ့တာ "
ခေါင်းပဲညိတ်ပြလိုက်သည်..။
သူကတော့ ကားကိုခြံဝန်းထဲကနေအသာလေးပဲမောင်းထွက်ပြီးမှ လမ်းပေါ်ရောက်မှ အရှိန်နဲ့မောင်းသွားတာ..။
ဝန်းတံခါးကလည်း မပိတ်ခဲ့တော့ ဒီကောင်ပဲသွားပိတ်လိုက်ရတယ်..။
သူတို့များ ကောင်မလေးနောက်လိုက်ဖို့တဲ့.. အချိန်တွေများ အားပါ့ ။
ကိုယ့်မှာတော့ တစ်ရက်နှစ်ဆယ့်လေးနာရီကိုမလောက်ချင်ဘူး..အလုပ်တွေများချက်က ။

YOU ARE READING
တောင်းဆု
Romance" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...