တောင်းဆု
🌼pann
Part (14)
မနက်အစော ထမင်းစားပွဲမှာယောက်ျားသားတွေလူစုံရောက်နေကြပေမယ့် မိန်းမသားတွေတော့မရောက်လာကြသေး..။
ရောက်မယ့်ရောက်လာကြတော့လည်း အဝတ်စားကောင်းကောင်းနဲ့ ပြင်ပြင်ဆင်ဆင်ဝတ်ထားကြတာ..။
သားမိနှစ်ယောက်လုံး ဗမာဝမ်းဆက် ဝတ်ပြီးသားသားနားနားနဲ့..။
" ဟော..ဒါက ပြင်ပြီးသွားကြပြီပေါ့ "
" ပြီးပြီ.. "
ဦးညွှန့်လှိုင်က စကားစနောက်တော့ ဒေါ်ချစ်ပန်းဝေကလည်း ပြုံးတုံ့တုံ့လေးနဲ့ပြန်ဖြေနေတာ..။
သူတို့သမီးနုဝေခက်ပိုးကတော့ ပြုံးပြီးခုံဆွဲထုတ်ကာ ဝင်ထိုင်နေပြီ..။
ပုံမှန်ဆို နုဝေခက်ပိုးက ခြေမျက်စိထိရှည်တဲ့ဂါဝန်လေးတွေ ဝတ်လေ့ရှိတယ်.. အပြင်တွေထွက်တတ်ရင်လည်း ဂါဝန်ဝတ်တာမျိုး ဘောင်းဘီရှည်ဝတ်တာမျိုး စကတ်တွေဝတ်တာမျိုးလောက်ပဲ..။
ထဘီတွေဝတ်တာမျိုးက ရှားသည်..။
ဒီနေ့တော့ ရှားရှားပါးပါး ဗမာဝမ်းဆက်လေးကိုဝတ်ထားတာ.. ဆံပင်တွေကိုလည်း အဖျားပိုင်းကောက်ပြီး ချထားသေးတော့ ဒီနေ့သူကြည့်ကောင်းနေတယ်ဆိုတာ လက်ခံပါတယ် ။
အမြင်အာရုံထဲ တစ်မျိုးဆန်းပေမယ့် ဒီအခြေနေနဲ့စိမ်းသက်မနေခဲ့ဘူး..။
" ခက်ပိုး.. "
" ဘာလဲ.. "
" ဒီအသက်ရွယ်ကြီးထိရောက်နေပြီ..သူများမင်္ဂလာဆောင်မှာ လိုက်ပတ်စားရတာကို မရှက်ဘူးလား.."
" ငါက ဘာဆိုင်လို့ရှက်ရမှာလဲ..ဒီအသက်ရွယ်ကြီးပြောရအောင် ငါကဘယ်အရွယ်ရှိနေလို့လဲ.."
" ခုခေတ်က တွမ်တီဖိုက်ဆိုအပျိုကြီးစာရင်းဝင်နေပြီ..နင်တောင်အပျိုကြီးဖြစ်ဖို့ ဘယ်လောက်မှမလိုတော့ဘူး ..ကိုယ့်ကိုယ်ကိုယ်အသိတရားလေးကပ်ပြီး ဆင်ခြင်သင့်တာဆင်ခြင်တော့.."
" ငါ့များ ကြီးကြီးကျယ်ကျယ်ပြောလို့..နင်နဲ့ငါ နှစ်နှစ်ပဲကွာတာ..နင်လည်း လူပျိုကြီးဖြစ်ဖို့က ငါနဲ့မရှေးမနှောင်းပဲ..အပိုဇာတ်တွေလာမခင်းနဲ့.."
YOU ARE READING
တောင်းဆု
Romance" ပိုးက ကိုယ့်ကိုရုပ်ချောလို့ချစ်တာလား..ကိုယ်လိုဘာမှမရှိတဲ့သူကို ချစ်တယ်ဆိုတာက တကယ်ဟုတ်ရောဟုတ်ရဲ့လား.." " သေချာပေါက် ရုပ်ချောလို့လေ..ရုပ်ချောလို့ သဘောကျတယ် ..ရုပ်ချောလို့ ချစ်တယ်..ရုပ်ချောလို့ ရင်ခုန်တယ်.." " ဒါဆို ကိုယ်ရုပ်ဆိုးသွားရင်ရော..ဒါမှမဟုတ်...