မနက်ဖြန်မနက်သို့ရောက်သော်....
"ဦးငယ်ဒီနေ့မလာဘူးလားmommy""လာမယ်ထင်တာပဲ မနေ့ကတော့လာမယ်တဲ့"
"ဟုတ်လား...ကောင်းပါတယ်သမီးဒီနေ့သွားစရာရှိတယ်မြပိုးတို့နဲ့"
"အေးနင်တို့ကိုအစောင့်နှစ်ယောက်နဲ့သွားလေ"
"အင်းပါ"
(မြပိုးဆိုတာနှောင်းရဲ့bffလေသူကလည်းအတိုင်းအဝိုင်းကြီးထဲကမို့သာနှောင်းနဲ့ပေးပေါင်းသည်)
ထိုအချိန်မှာအိမ်ရှေ့ထဲသို့အနက်ရောင်ကားတစ်စီးဝင်လာသည်
"မမ မတွေ့တာတောင်ကြာပြီ"
"အေးဟုတ်တယ်...ဟဲ့သခင်ကြီးကိုသွားခေါ်စမ်း"
ဦးငယ်နဲ့အတူမနေ့ကအမျိုးသမီးလည်းပါသည်အမျိုးသမီးဟာအနက်ရောင်ပါတိတ်ဝမ်းစမ်ကိုဝတ်ထားသည်မနေ့ကအတိုင်းဆံထုံးထုံးထားသေးသည်
"မမဒါကျွန်တော်ရဲ့သတိုးသမီးလောင်းဒေါ်ခင်သူဇာတဲ့"
"အိုးညီမလေးက လှလိုက်တာကွယ်"
"ကျေးဇူးပါ"
"Mommyသမီးသွားတော့မယ်"
"အေအေcardထဲမှာပိုက်ဆံကျန်သေးတယ်မလား"
"အမ်"
မြပိုးလည်းရောက်လာသည်
"နှောင်းသွားရအောင်လေ"
မြပိုးလာခေါ်သည့်ကားအမည်းရောင်ပေါ်သို့နှောင်းတက်သွားသည်
ကားပေါ်တွင်
"ခုနကနင့်တို့အိမ်ရှေ့ခန်းမှာတွင်နေတဲ့လေဒီကြီးကဘယ်သူလဲချောချက်ကော"
"ငါ့ဦးငယ်ရဲ့သတိုးသမီးလောင်းတဲ့..မာနကတော့ကြီးချက်ငါမိတ်ဆက်တာကိုခေါင်းပဲငြိမ့်ပြတယ်"
"အော်ခင်ကြည့်လေအဲ့လိုလူမျိုးတွေပဲခင်လို့ကောင်းတာ"
"မခင်ချင်ပါဘူး"
"အေနင်တို့ကမတော်ချင်ရင်တောင်အမျိုးတော်ရမှာနော်"
"အေမသိဘူးဟာ........အခုဘယ်သွားမှာလဲ"
"Oceanပဲသွားမယ်"
"Ok...ok"
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️
Oceanမှာဝယ်စရာရှိတာဝယ်ပြီး အိမ်ပြန်လာတော့"ဟဲ့bye..bye"
"အမ်...bye bye"
"မမလေး...သခင်ကြီးကထမင်းဝိုင်းမှာမမလေးပြန်လာရင်ခေါ်လာခဲ့ပါတဲ့"
"အေကောင်းပြီ"
ထမင်းစားခန်းထဲဝင်လာလိုက်တော့ အကုန်လုံးကိုအဖြူရောင်ဇွန်း အဖြူရောင်ပန်းကန်နံရံတွင်အဖြူပေါ်တွင်ရွှေရောင်ကနုတ်လေးများပါရှိတယ်
"Daddyသမီးကိုခေါ်တယ်ဆို"
ဟိုအမျိုးသမီးနဲ့ ဦးငယ်ရယ်mommyတို့ရယ်ကထမင်းစားနေတယ်နှောင်းဟာထိုအမျိုးသမီးရဲ့အရှေ့တွင်ဝင်ထိုင်လိုက်သည်
"အေ...ဒါနင့်ဦးငယ်ရဲ့သတိုးသမီးလောင်ဒေါ်ခင်သူဇာတဲ့မိတ်ဆက်လိုက်ဦး"
ခင်ကတော့မသိသလိုထမင်းဆက်စားနေသည်ကိုတွေ့ရသည်နဲ့အမြင်ကပ်လာကာ
"နှေင်းကမနေ့က...မိတ်ဆက်ပါတယ်သူပဲပြန်မပြောတာ"
"ခေါင်းငြိမ့်ပြတယ်လေ"
"ခေါင်းပဲငြိမ့်ပြတာလေမသိရင်နှောင်းလိုကလေးနဲ့မခင်ချင်ဘူးဆိုတဲ့ပုံနဲ့"
"အဲ့တော့...မင်းသိနေတာပဲလေ"
"ဘာကိုလဲ"
"မင်းနဲ့မပတ်ချင်ဘူးဆိုတာ....ရှုပ်ရှုပ်ရှက်ရှက်တွေ"
"နှောင်းနင်လူကြီးကိုဘာပြန်ပြောနေတာလဲ"
"Daddy"
"ပြန်တောင်းပန်စမ်း"
"မတောင်းပန်ဘူးဆိုရင်ကော"
"ငါပြောနေတာကြားလားလူကိုက မြို့တော်ဝန်ရဲ့သမီးဆိုဘယ်သူမှရုံမှာမဟုတ်ဘူး ဆံပင်ပုံကလည်းဘောပြားမလိုလိုဘာလိုလိုနဲ့"
"Daddyအဲ့လိုဆိုလည်းအမွေပျက်စွန့်ပစ်လိုက်လေ အဲ့လိုမိန်းမအတွက်နဲ့သမီးကို အဲ့လောက်ပြောစရာလား"
ထိုအမျိုးသမီးကတော့မသိသလိုထမင်းဆက်စားနေသည်*သွေးအေးနိုင်လိုက်တာ*
ဟုတွေးကာနှောင်းအပေါ်ထပ်ရှိသူ့အခန်းထဲဝင်သွားသည်▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️
ေဒါ်ခင်သူဇာတဲ့
YOU ARE READING
အန်တီ့အတွက်သာ
Teen Fictionအသက်အရွယ်ကွာခြားလွန်းတဲ့သူတို့နှစ်ယောက်အချစ်ဟာဖြစ်နိုင်ပါ့မလား