အိမ်ကိုရောက်တော့ မိသားစုဝင်တစ်ယောက်မှ အရိပ်တောင်မတွေ့ရ တိတ်ဆိတ်နေသည်အိမ်စောင့်တွေကိုပင်တွေ့ရသည် အိမ်တော်ထိန်းဒေါ်ဝင်းတော့ရှိသည်
"မင်းနေခဲ့တော့ တို့သွားတော့မယ် တို့မှာအချိန်မရှိဘူး"
"ဟုတ်"
အိမ်ထဲသို့ဝင်ဝင်ချင်းကိုယ့်အခန်းကိုယ်ပြန်ကာ အနားယူသည် *အိမ်မှာဘာလို့ လူတစ်ယောက်မှ မရှိတာလဲ နှောင်းကိုတောင် အန်တီက လာကြိုတယ်*နှောင်းတစ်ယောက်တည်းအခန်းထဲတွင် အတွေးပင်လယ်ဝေနေတော့သည်
ခရီးပန်းလာတာကြောင့်အိပ်ပျော်သွားခဲ့သည်
_____________________________________
နောက်နေ့မနက်
မနက်ရောက်တော့အောက်ထပ်တွင်mommyနှင့်daddyပြန်ရောက်နေပြီ
"အိုး....mommyရဲ့သမီးလေးကိုမနေ့က လာမကြို မိတာsorryပါသမီးလေရယ်"
ပြုံးပြပြီးရပါတယ်ဆိုတဲ့ပုံစံနှင့် ခေါင်းခါပြလိုက်တယ်
"အေ daddy တို့မနေ့က party ပွဲတစ်ခုသွားနေလို့"
"ကောင်းပါပြီ ဒါဆိုသမီးအပြင်သွားလိုက်ဦးမယ်"
ဟုဆိုကာ ကားမောင်းပြီးအပြင်ထွက်သွားတော့သည်
"အေပိုး ဘယ်သွားမှာလဲ"
"......"
"လက်ခ်ျမီးအိမ်ကိုလား"
"......."
"တွေ့ချင်တယ်ဆိုလည်းသွားမယ်လေ ဒါမဲ့အခု ငါဦးငယ်အိမ်ကို သွားချင်သေးတယ်လိုက်ခဲ့ဦးမလား"
".................."
"အေ အဲ့ဆိုငါနောက်မှလာခေါ်မယ်စောင့်နေနော်"
ဟုဆိုကာ ဦးငယ်အိမ်သို့ဦးတည်လာခဲ့သည်
ဦးငယ်အိမ်သို့ရောက်သော် အိမ်ထဲကို ဝင်သွားတော့ အိမ်ဖော်တွေအကုန်လုံးအပေါ်တက်တဲ့လှေကားနားမှာစုနေတော့သည် အပေါ်ကို တကြည့်ကြည့်နဲ့စိုးရိမ်နေသည့်ပုံစံများဖြင့်
"ဟဲ့ဒီမှာ ဘာလုပ်နေတာလဲ"
"မမလေးအပေါ်ထပ်မှာ"
"အပေါ်မှာဘာဖြစ်လဲ"
ဆက်မပြောတော့တာမို့နှောင်းအပေါ်ထပ်ကိုတက်သွားသည်
YOU ARE READING
အန်တီ့အတွက်သာ
Teen Fictionအသက်အရွယ်ကွာခြားလွန်းတဲ့သူတို့နှစ်ယောက်အချစ်ဟာဖြစ်နိုင်ပါ့မလား