မနက်ရောက်တော့ မနက်စာတောင်မစားချင်ဘူး အန်တီ့ဆီဘဲ အတွေးတွေရောက်နေတယ်
*သူအခုချိန်အဆင်ကောပြေပါမလား*ချက်ချင်းဘဲပြင်ဆင်ပြီးကားကိုဦးငယ်အိမ်ဦးတည်မောင်းလာတယ် ဦးငယ်အိမ်ရောက်တော့ ဟွန်းနှစ်ချက်လောက်တီးလိုက်ရုံမျှမြင့်မားတဲ့ခြံတံခါးကြီးဟာ ပွင့်လာသည်
ခြံထဲမှာအန်တီထိုင်ကာနေပူစာလုံရင်း ဆေးလိပ်ဖွာနေသည်ကိုတွေ့ရသည်ဒီတစ်ခေါက်တော့အန်တီက ညိုပုတ်ပုတ်အနီရောင်ကိုဝတ်ထားသည် နီညိုရောင်လည်းမဟုတ်ပြန် ဆိုးဆေးအနီကြောင့်နီရဲနေသောနှုတ်ခမ်းတစ်စုံ ဆံပင်တို့ဟာ အရင်ကထက်တိုသည်
ကေွန်မလည်းချကချင်းဆင်းသွားပြီး သူမရှိရာနေရာသို့
"မင်းဦးငယ်နဲ့လာတွေ့တာဆိုသူဒီမှာမရှိဘူး"
"အော် နှောင်းလည်းဦးငယ်နဲ့လာတွေတာမဟုတ်ပါဘူး"
သူမရဲ့ သောက်လက်စဆေးလိပ်မီးကိုငြိမ်းလိုက်သည်
"အဲ့တော့ ဘာလာလုပ်တာလဲ"
"အဆင်ပြေလားလာကြည့်တာ"
"မြင်တဲ့အတိုင်းပဲလေ အဲ့ဒါပဲမလား"
ဟုဆိုကာ စာအုပ်တစ်အုပ်ကိုကိုင်ပြီးဖတ်နေသည်
"အဲ့တော့ ဘာမှမပြောတော့ဘူးလားကိုယ့်ကိုစိတ်ပူလို့လာကြည့်တဲ့လူကို"
"ဒီမှာ မင်းကိုလည်းဘယ်သူမှစိတ်ပူပါလို့ပြောမနေဘူး တို့က မင်းကိုဘာပြောရဦးမှာလဲ သူများတွေလိုကျေးဇူးတင်ပါတယ်လို့ပြောနေမယ့်အစားမျိူးထဲမှာလည်းတို့မပါဘူး မင်းကို မင်းစိတ်ပူတာလေ"
"အဲ့ဒါကြောင့်ပေါ့အန်တီ့ကို ဘယ်သူမှမချစ်တာ"
"တို့ကကော မင်းကိုချစ်ခိုင်းနေလို့လား ဘယ်သူမှမချစ်တော့ကောဘာဖြစ်လဲ ချစ်တာက ဘာသုံးစားလို့ရလို့လဲ"
"ရှင်က တကယ်ပဲဦးငယ်ကို မချစ်ဘူးလား"
"ချစ်စရာလား မင်းက အဲ့လိုထင်တယ်ပေါ့"
"ဒါဆို မနေ့ မနေ့က ဘာလို့ငိုတာလဲ"
"ဒီမှာ ခင်သူဇာဆိုတဲ့မိန်းမတစ်ေယာက်ကကယူထားတဲ့ယောင်္ကျားတစ်ယောက် ခင်သူဇာညံ့လို့ ဖောက်ပြန်တယ်ဆိုရင် ရာဇဝင်ရိုင်းသွားမှပေါ့"
YOU ARE READING
အန်တီ့အတွက်သာ
Teen Fictionအသက်အရွယ်ကွာခြားလွန်းတဲ့သူတို့နှစ်ယောက်အချစ်ဟာဖြစ်နိုင်ပါ့မလား