စိတ်ပိန်လိုက်တာ ပိုးနဲ့ကလည်းအဆင်မပြေအဲ့ကောင်မကလည်း အခုလည်းသူများက အကောင်းနဲ့လည်းအကြံပေးရသေးတယ် အအော်ခံလိုက်ရတယ် ဖုန်းလာသံ
"ဟွန်းအခုမှဖုန်းဆက်တယ်ကောင်မချေထားဦးမှ"
"ဟယ်လို"
"......"
"အော်ဘာမှမဖြစ်ပါဘူး ရပါတယ်"
"............"
"အေရပါတယ် ငါလည်းပြန်အိပ်လိုက်တာ"
"............"
"အော်လာမခေါ်ပါနဲ့ငါလာခေါ်မှာပေါ့အေးဆေးလေးပြင်ဆင်ပြီးစောင့်နေငါ့သူငယ်ချင်းပင်ပန်းနေဦးမယ်"
"......."
"အော်အေဒါပဲ"
နှောင်းရေချိုးနေတုန်းဖုန်းခေါ်သံ
"Hello"
တစ်ဖက်ကထွက်လာတဲ့အသံသာသာယာယာလေး
"Hello ဘယ်သူလဲ"
"နှောင်းကခုတော့ ချစ်ကိုတောင်မမှတ်မိတော့ဘူးပေါ့"
"အော်မင်းကိုး"
"ဟုတ်ပါတယ် တို့က လေပြေ ပဲ"
"ဘာလဲဘာလုပ်ဖို့ဖုန်းဆက်တာလဲမင်းနဲ့ ကိုယ့်ဇာတ်လမ်းကပြီးပြီ"
"စိတ်အေးအေးထားပါဦး ချစ်လေးရဲ့"
"ဘာ ချစ်လေးလိုလာမခေါ်နဲ့ ငါနဲ့မင်းဘာမှမဆိုင်ဘူး"
ဟုနှောင်းပြောကာဖုန်းချလိုက်သည် နှောင်းရဲ့အချစ်ဦးလည်းဖြစ်သလိုရည်းစားဟောင်းလည်းဖြစ်သည် သူနဲ့ပြတ်ပြီးကတည်းက ဘယ်ကောင်မလေးကိုမှလည်းစိတ်မဝင်စားတော့ဘူး နှောင်းဖုန်းဟာနောက်တစ်ခါထက်မြည်လာသည် ကြည့်လိုက်တော့မှ တီလေးဖြစ်နေသည်
"ဟယ်လို တီလေး"
"အေနှောင်းအစ်ကိုကြီးနဲ့ အစ်ကိုလေးတို့ကော"
"အောက်ထပ်မှာရန်ပွဲဖြစ်နေကြတယ်"
"ဟုတ်လားဘယ်သူက စင်ပေါ်ကလဲ"
"တီလေးနော် စိတ်ပူလို့ဆက်တယ်ထင်နေတာ ဘယ်ဟုတ်မလဲ ပွဲကြည့်ချင်ရင်အိမ်ကိုလာခဲ့ အရမ်းမိုက်တယ်"
"တကူးတကတော့ မလာချင်ပါဘူး နှောင်းပဲပြောပြ"
"ဒေါ်ခင်သူဇာကဦးငယ်နဲ့ကောင်မလေးတစ်ယောက်ကို စားသောက်ဆိုင်တစ်ဆိုင်မှာတွေ့လိုဆိုလားပဲ ဒေါ်ခင်သူဇာကတော့ စင်ပေါ်ကပေါ့ ကွဲမယ်တွေကောကွာမယ်တွေကောပြောနေကြတယ်နှောင်းခနကကြားနေရတယ်"
YOU ARE READING
အန်တီ့အတွက်သာ
Teen Fictionအသက်အရွယ်ကွာခြားလွန်းတဲ့သူတို့နှစ်ယောက်အချစ်ဟာဖြစ်နိုင်ပါ့မလား