နောက်နေ့မနက်ပိုးတောင် နိုးစရာမလို နှောင်းဟာ တက်ကြွလန်းဆန်းနေတော့သည်။
"ဟဲ့ကောင်မဘာတွေဖြစ်မျက်စိတောင်နောက်တယ်"
"အေမျက်စိနောက်ရင်လည်းမကြည့်နဲ့ေလဟယ်"
ပိုးသည် ဘာမှမလုပ်ပဲ နှောင်းကိုဒီတိုင်ထိုင်ကြည့်နေတာမို့ နှောင်းလည်း မေးမိတော့သည်။
"နင်ဘာမှမလုပ်ပဲဘာလို့ဒီတိုင်းထိုင်နေတာလဲ"
"မလိုက်တော့ပါဘူးဟယ်"
"ဘာလို့လဲ"
"ငါ ငါ ဟိုတယ်ဝန်းထမ်းကောင်မလေးကို ကြိုက် ..ကြိုက်"
"အောင်မလေးနင်ငါ့ကို နောက်နေတာလား"
ရုတ်တရတ်ဆိုတော့ နှောင်းလည်းလန့်သွားသည်။
"အချစ်က အချစ်ပဲ"
"နင်ဟာလေ မျက်လုံးထဲမြင်သမျှလူအကုန်ကြိုက်နေရောလား တောင်သေးတာပေါ့ငါ့ကို မကြိုက်လို့"
"အောင်းမဲ နင့်ကိုကြိုက်စရာလား ငါ့မျပ်လုံးထဲမှာလေ နင်ကလွဲပြီးကျန်တဲ့ မိန်းကလေးအကုန်လှတယ် ကဲပါသွားသွားနင် ခင်ခင်ပျိုမေစောင့်နေမယ်"
သူကလေ အကုန်လုံးကိုသိနေတော့တာပဲ လိုက်ချောင်းနေလားအောင်းမက်ရတယ် ကျွန်မလည်းဘာမှ မပြောပဲ မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ ထွက်သွားတော့သည်။
အောက်ထပ်ကိုဆင်းသွားတော့ မောင့်ခင်ခင်ကရောက်နေပြီ။
"မောနင်းပါ ..ခင်"
ကားပေါ်တက်တက်ချင်း ပြောလိုက်သည်။
"မောနင်းမနေနဲ့ ခုဘယ်ချိန်ရှိပြီလဲ"
"၁၀ နာရီခွဲလေဘာဖြစ်လို့လဲ"
နှုတ်ခမ်းလေးဟာ ဆူပုတ်ပုတ်လေးဒီလိုလေးကျတော့လဲတစ်မျိုးချစ်စရာလေးပင်။
"အဲ့တာက လူကို စိတ်ဆိုးတာလား ...စိတ်ဆိုးရင်လည်းပြန်မချော့တတ်ဘူးနော်အဲ့တာပြောမို့"
"ဒီမှာ လူကိုချစ်တုန်းကတော့ချစ်တတ်တယ် ခုကျပြန်မချော့ဘူးသူဘဲလုပ်ပြီးတော့"
ခင် မျက်ရည်များဝိုင်းလာသည်။ဟုတ်သားမေ့နေတာ မနေ့က ရှစ်နာရီ မျက်လှည့်ပွဲသွားမယ်ပြောထားတာမေ့နေလိုက်တာ အဲ့ကြောင့်စိတ်ဆိုးနေတာနေမယ် မချော့တတ်ပါဘူးဆို တကယ်ဘယ်လို့လုပ်ရမလဲ မနက်ကတည်းက စောင့်နေတယ်ထင်ပါရဲ့။
YOU ARE READING
အန်တီ့အတွက်သာ
Novela Juvenilအသက်အရွယ်ကွာခြားလွန်းတဲ့သူတို့နှစ်ယောက်အချစ်ဟာဖြစ်နိုင်ပါ့မလား