"သွားပို့ပြီးပါပြီမဒမ်"
"Ommလာမဲ့ သေကြာနေ့ကျရင် new year နော် အဲ့တာ party လုပ်ချင်လို့ အကိုကြီးကိုပြောပေးပါလား"
"နှောင်းကလည်းအိမ်မှာ partyလုပ်ဖို့စဉ်းစားထားတာ အဲ့တာ..."
"Omm မလာလည်းရပါတယ်" နှောင်းသိတ်မကောင်းပေ ။
"ဒီလိုလုပ်ပါလား နှောင်းပဲလာခဲ့မယ်လေ ပိုးနဲ့အတူ"
"အွန် မင်းအဆင်ပြေရင်လာခဲ့လေ နောက်တစ်ပတ်ထဲပဲ မင်းဦးငယ်နဲ့ တို့ကွာရှင်းမလို့"
နှောင်းကြောင်သွားသည်။
"ရှင်"
"ဟုတ်တယ် နောက်တစ်ပတ် တနလာ်နေ့လောက်ကျမယ်ထင်တယ် ကိစ္စအဝဝ ပြီးရင်တော့ တို့ ဇာတိဖြစ်တဲ့ တောင်ကြီးကို ပြန်တော့ မယ်"
"ဒါဆို company ကကော"
"တစ်ယောက်ယောက်နဲ့ လွဲခဲ့မို့ပါ"
နှောင်းဝမ်းနည်းလာသည်။
ဦးငယ်နဲ့ ကွာရှင်းတော့မှာမို့ ပျော်တယ် ဒါမဲ့ အန်တီတောင်ကြီးပြန်မှာမို့ ဝမ်းနည်းတယ် နှောင်းဘယ်လိုလုပ်ရမလိုပဲ"ဒါနဲ့လေ မဒမ် နှောင်းတို့နှုတ်ဆက်တဲ့ အနေနဲ့ တနဂ်နွေနေ့ကျရင် ဟိုနေ့က တွေ့ခဲ့တဲ့ ကော်ဖီဆိုင်ကိုသွားရအောင်နော်"
"Ommပြီးရောလေ"
ရက်တွေဖဖြည်းဖြည်းကြာသွားခဲ့ပြီ ရက်တွေလည်းမြန်လာကြသလိုခံစားရတယ် အန်တီက အဂ်ါနေ့ချင်းပြန်မယ်တဲ့လေ ဘာလိုလိုနဲ့ new year လည်းပြီးသွားပြီ စနေနေ့မို့ ရုံးပိတ်သည် တနဂ်နွေနေ့ကျရင်လည်း ရုံးပိတ်သည် ။
အိပ်ဆက်ရာမှ ပြန်လည်နိုးထလာသည်။
တနဂ်နွေနေ့မနက်
"Momသမီးဒီနေ့အန်တီနဲ့သွားတွေ့လိုက်ဦးမယ်နော်"
ခြံထဲကားထုတ်ဖို့ဆင်းလာတော့ မနေ့ကမိုးရွာလို့ စိုထိုင်းနေသည် ညက ငိုပြီး သုတ်ထားတဲ့ အကျီစကမျက်ရည်တွေလည်း ခုထိ မခောက်သေးဘူး။
ကားကိုအငြိမ့်လေးမောင်းလာသည်။
ရှေ့နားတွင်ကော်ဖီဆိုင်ကို ရောက်တော့မည်။အန်တီကလည်းထွက်သွားတော့မည်။
ဘယ်သူမှ ထိလို့ မရတဲ့ ပန်းလေးကို နှောင်းလည်း မပိုင်ဆိုင်ဝံ။ဆိုင်ထဲကို သာခြေလှမ်းများက ဝင်လာသည်။ စိတ်ထဲ အခြားနေရာကို ပြေးနေမိသည်။
"အန်တီ..ရောက်နေတာကြာပြီလားဟင်"
ထိုင်ခုံကို ဆွဲရင်းပြောလိုက်သည်။
"မကြာသေးပါဘူး ဒါလေးက မင်းဝယ်ပေးထားတဲ့ အကျီနဲ့ ဒါက စေ့စပ်လက်စွပ် အကျီကိုတော့ မင်းအခြားတစ်ယောက်ကိုပေးလိုက်ပါ စေ့စပ်လက်စွပ်ကိုတော့ မင်းဦးငယ်ကို ပေး ပေးပါ ပြီးတော့ဒါလေးက ကွာရှင်းစာချုပ်လက်မှတ်ထိုးပြီးပြီ မို့ မင်း ဦးငယ်ကို ထိုးခိုင်းလိုက်ပါ တို့မနက်ဖြန်ထွက်သွားတော့မယ် ဒါဆိုတို့သွားပြီနော်"
လက်ကိုင်အိတ်ကို ကောက်ကိုင်နေရင်းနှောင်းလှမ်းတားလိုက်သည်။
"ဟို ဟို...အန်..တီ"
"ဘာပြောစရာကျန်သေးလို့လဲ"
နှောင်းမျက်ရည်များစီးကျလာသည်။
နှစ်နှစ်လလကြိုက်ခဲ့သည့် အမျိုးသမီးဟာ နှောင်းကို စိမ်းကား ရက်သည်။"ချစ်...ချစ်တယ်"
ထို ထိုကလေးမ ခင့်ကို ခင့်ကိုဘာပြောသည်လည်း ခင်အိပ်မက်မက်နေတာလား တကယ်ပဲလားမိန်းမချင်းကို
"ဘာ..ဘာပြောတာလဲဟင်" ကြားလိုက်ပေမဲ့ ခင်နောက်တစ်ခေါက်ပြန်နားထောင်ချင်သည် ခင်နားကြားလွဲသည်ဟုထင်သည်မို့ ပြန်မေးလိုက်သည်။
"အန်တီကိုနှောင်းချစ်တယ် ယုံပါနော်"
"မိန်းကလေး ရူးသွားပြီလားတို့က မိန်းမသားနော် ပြီးတော့ မင်းလဲ မိန်းမသား ပဲ မင်းစိတ်ကစားတာလို့ တို့တော့ထင်တယ်"
"ဘာပဲဖြစ်ဖြစ်အချစ်က အချစ်ပါပဲအန်တီရယ်"
"အို..ခက်တော့ခက်နေပါပြီ မိန်းကလေးရယ်"
"အန်တီစဉ်းစား ပေးပါနော် "
"အင် မင်းက အနာဂတ်ကိုလျှောက်မဲ့ လူ တို့က ဘဝဇာတ်ဆုံးကိုလျှောက်မဲ့လူ မင်းဘဝကို တို့လိုမိန်းမတစ်ယောက်အတွက်နဲ့ အချစ်ဆိုတဲ့ကြိုးမှာ တို့ဆိုတဲ့ အထုံးလေးဖြစ်နေပါဦးမယ် တို့က နောက်ဆို ခုလိုလှချင်မှ လှတော့မှာ"
"ဘာပဲဖြစ်ဖြစ် အန်တီရဲ့ ဖြစ်တည်မှုတိုင်းကို နှောင်းသဘောကျတယ်"
"Omm ကိစ္စအဝဝပြီးရင်တော့ တို့စဉ်းစားပေးမယ်လေ"
"တကယ်နော်ပျော်လိုက်တာ အန်တီရယ်"
"Ommပါ ဒါနဲ့ မင်းကော တောင်ကြီးလိုက်ခဲ့ပါလား"
"Omm အန်တီ့အတွက်ပေါ့"
.
.
.
.
.
.
.
.
.
ဒီနေ့တော့ဒီလောက်ပဲနော်
YOU ARE READING
အန်တီ့အတွက်သာ
Teen Fictionအသက်အရွယ်ကွာခြားလွန်းတဲ့သူတို့နှစ်ယောက်အချစ်ဟာဖြစ်နိုင်ပါ့မလား