ထိုနေ့က နှောင်းဖို့ မေ့မရတဲ့ နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။
နောက်နေ့မနက် ပိုးနှောင်းကို လာလုပ်နိုးသည်။
"ပိုးနင်ဒီနေ့ဘယ်သွားဦးမှာလဲ အစောကြီးရှိသေးတဲ့ဟာကို"
မနက်အားဖြင့် ၇ နာရီသာရှိသေးသည်။
"တောင်တက်မို့"
နှောင်းပိုးစကားကြောင့်ရှုတ်တရက်လန့်သွားပြီး ထထိုင်လိုက်သည်။
"ဘာ...ဘာ...ဘာ ...နင်ရူးများသွားပြီလား ကျပ်ကော ပြည့်သေးရဲ့လား"
"နင်မလိုက်ချင်လဲနေခဲ့ဟာ"
"အခုတောက် အေးနေတာ တောင်ပေါ်ရောက်ရင်နင် ကြက်ေတာင်ပံ ဖြစ်သွားလိမ့်မယ်"
"ဘာဆိုင်လို့လဲဟ"
"ခြေထောက်လေးကိုကွေးပြီး အတောင့်လို က်လေးလေ မသိဘူးလား"
"နင်အရမ်းစကားများတာပဲ နေခဲ့ဟယ်" ဟုပြောကာ လှည့်ထွက်ဖို့ပြင်လိုက်သည်။
"အန်တီပါမှာလား"
"အရူးမ ..ပါမှာပေါ့"
"ပါမယ်ဆို...ငါတောင်ခြေမှာထိုင်စောင့်နေမယ်ဟာ"
နှောင်းထကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။
ပိုးခေါင်းသာ အသာခါလိုက်သည်။
နှောင်းဟာလေ ချစ်မိလွန်းလို့ ရူးခဲ့တဲ့ ကောင်မလေးရှင့် ။ခုလဲကြည့်အန်တီမှ အန်တီ ဖြစ်နေပြန်ပြီ အန်တီသာ သူ့ကို ငြင်းလိုက်ရင်ဖြင့် သူ့ကိုသူတောင်သတ်သေသွားမလားမသိပေ။
ကျွန်မရေကို ဖွင့်လိုက်သည်။ လက်လေးဖြင့်အနည်းငယ်စမ်းလိုက်သည်။ရုတ်တရတ်ကျွန်မခန္တာကိုယ် ကျဉ်ထွက်သွားသည်။
"အောင်မလေး..."
ပိုး အပြေးပင် ရေချိုးခန်းထဲရောက်လာသည်။
"ဟဲ့ ဘာဖြစ်တာလဲ.."
"အေးလို့လေ ရေခဲရေနဲ့များမှားလာသလား"
"မျက်နှာအမြန်သစ်စမ်းပါဟယ် ငါထားခဲ့လိုက်ရမလား"
"အေးပါ မထားခဲ့ ပါနဲ့ ငါးမိနစ်စောင့်"
ပိုးရေချိုးခန်းထဲမှ ထွက်လာသည်။
နောက်၅ မိနစ်ခန့်ကြာသော်...
YOU ARE READING
အန်တီ့အတွက်သာ
Teen Fictionအသက်အရွယ်ကွာခြားလွန်းတဲ့သူတို့နှစ်ယောက်အချစ်ဟာဖြစ်နိုင်ပါ့မလား