နှောင်းချက်ချင်းပင်စာကိုဖွင့်ကြည့်လိုက်သည်။
*သေချာပေါက်မှတ်မိနေပေးပါ ကျေးဇူးတင်ပါတယ် ဒီအတောအတွင်း ပျော်ရွှင်အောင်လုပ်ပေးလို့ ပြီးတော့တောင်းပန်ပါတယ် မရှိပေးနိုင်တော့လို့*
"ဘာ"
ကျွန်မပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
နှောင်းသည် ယခုအချိန်တွင် အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လို့နေပြီး ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာကိုရေးပြီးပိတ်ချလိုက်သည်။
သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး ပြတင်းပေါက်မှန်နားသို့ ရှောက်သွားလိုက်စဉ် တံခါးဖွင့်သံကိုကြားလိုက်ရသည်။
ကျီ့.....
"Happy birthday to you....
Happy birthday to you.....
Happy birthday Dear best friend""ဝါး ဟူး"
ကိတ်မုန့်ပေါ်မှ ဖယောင်းတိုင်ကို မှုတ်လိုက်တာကို ပျော်ရွှင်စွာကြည့်နေသော မြပိုးကို
"ပြောပါဦး ဒေါ်မြပိုးကို နဒီကော"
"နောက်မှာပါတယ် နင့်အတွက် birthday gift လည်းယူလာတယ်တဲ့ နဒီကငါ့ကိုတောင်ပေးမကြည့်ဘူး baby baby ရေ လာတော့လေ"
"လာပါပြီ ဒီဒီရဲ့"
အခန်းထဲသို့ပြေးဝင်လာသော နဒီ
"လာပါပြီဆို ဒီဒီကလဲ Happy birthday ပါမမ"
"Thanks"
"ငါတို့သွားပြီနော်"
"ကိတ်မုန့်မစားတော့ဘူးလား"
"မစားတော့ပါဘူး အလုပ်ကိစ္စရှိလို့"
နဒီပေးသွားသည်မှာ ဒိုင်ယာရီစာအုပ်တစ်အုပ်ပင်
နာမယ်တပ်ထားသည်မှာတော့ -ခင်သူဇာ- တဲ့
နာမယ်နားလေးကို နှောင်းလက်ညိုးလေးဖြင့်ပွတ်သပ်လိုက်သည်။"ဘာများပါလိမ့်"
*ဘဝကတစ်ကယ့်ကိုပျင်းစရာကောင်းတာပဲ အခုလဲပျင်းစရာကောင်းတဲ့လူကြီးတဲ့ လက်ထပ်ထားပေမဲ့ ရုပ်တုကြီးနဲ့ တစ်အိမ်ထဲနေနေရတဲ့အတိုင်းပဲ သူ့တူမဖြစ်သူ နှောင်းသူနေကလည်း စပ်စလူးစိန်နှပ်ဖူးပိန် စိတ်ညစ်စရာကောင်းပီ့း ငြီးငွေ့စရာကောင်းတဲ့သူတို့မိသားစုအစား ငါစိတ်ညစ်တယ် အမေကလဲကလေးယူခိုင်းနေတယ် အခန်းတစ်ခုထဲမှာတောက် အတူမနေတဲ့ဟာကို ငါသူ့တူမကို နည်းနည်းတော့သဘောကျမိတယ် မိန်းကလေးဆိုပေမဲ့ ကာကွယ်ပေးတတ်လို့လေ လူကြီးလဲဆန်တယ် တစ်ရက်ရက်ကျတော့ကျွန်မသူ့ကိုချစ်မိသွားခဲ့တယ် ဂရုစိုက်ပေးတတ်သလို ပျော်စရာလဲကောင်းတယ် ဒါပေမဲ့စိတ်မကောင်းစွာနဲ့ ကျွန်မဆေးခန်းသွားပြတော့ အေစိုင်းမားရောဂါ ရှိနေပြီတဲ့ စိတ်ညစ်စရာကောင်းလှတယ် ကျွန်မတစ်ရက်အကုန်လုံးကိုမေ့သွားတော့မှာတဲ့လား
မောင့်ကို မနာကျဉ်စေချင်ခဲ့ဘူး ကျွန်မဘဝမှာ အချစ်ဆိုတာကို ခံစားဖူခဲ့တာ နှစ်ခါပဲရှိတယ် ပထမတစ်ခါ ကျွန်မအသက် ၁၉ နှစ်ကပေါ့"ကျွန်တော် အမကို သဘောကျတယ်"
"ဘယ်လို"
ကားလမ်းပေါ်ကိုရှက်ကာ ဖြတ်ပြေးသွားရင်း ကားတစ်စီးဝင်တိုက်တော့မဲ့ အချိန် လူတစ်ယောက်ကျွန်မကို တွန်းသွားခဲ့တယ် ရှုတ်တရတ် အဲ့လို မဖြစ်ပါစေစေနဲ့လို့ ဆုတောင်းပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အချိန်သေချာပေါက်ခုနကကောင်လေးပဲ
"မဖြစ်ဘူး မဖြစ်ဘူး တို့မင်းကို ချစ်တယ်လေကွာ"
အဲ့ချိန်ထဲက ကျွန်မဘယ်သူ့ကိုမှ မချစ်ဖြစ်ခဲ့တော့တာပါ မောင်သာ ကျွန်မနားဆက်နေနေမယ် ဆိုရင် အဲ့လိုဖြစ်မှာစိုးလို့ ဒေလီပန်းခငိးဘေးက ဆေးရုံမှာတစ်ယောက်ထဲသွားနေဖို့စိတ်ပိုင်းဖြတ်လိုက်တယ်*
ကားနဲ့ အမြန်ပင် ဆေးရုံသို့လိုက်သွားခဲ့သည်။
"ဒီဆေးရုံမှယေဒါ်ခင်သူဇာရှိပါသလား"
"ဟုတ် အခန်းနံပါတ် ၁၀၃ ပါ"
အမြန်ပြေးလိုက်သွားသည်။
"ဒီအခန်းပဲ"
ကျီ့...
ဝန်ရံတာမှာ ပန်းချီကားကို သူနာပြုနားမှာထိုင်ဆွဲနေသည်။
"ခင် အဆင်ပြေရဲ့လား"
ခေါင်းကို စောင်းကာ စိမ်းကားသော အငွေ့အသက်
"ကျွန်မတို့သိကြလို့လား"
*လေ...ပြင်းညှင်းရဲ့ ညိမ်သက်ဆဲညမှာ
အသာအယာ တိုးလို့ တိုက်ခတ်နေ
သင်းပျံ...မွှေးတဲ့ပန်းရနံတွေ
ဆောင်ယူ သယ်လာ လေညှင်းရယ်
ပန်းချစ်သူ တို့လက်နဲ့ကွယ်
ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်
ဆွတ်ယူမယ် ဟန်ပြင်ကာပင်
ယုယစွာ ထွေးပွေ့ထားပါမယ်*
______________________________________
# ပြီးပါပြီ#အားလုံးကိုကျေးဇူးတင်စွာဖြင့် စာရေးသူ
YOU ARE READING
အန်တီ့အတွက်သာ
Teen Fictionအသက်အရွယ်ကွာခြားလွန်းတဲ့သူတို့နှစ်ယောက်အချစ်ဟာဖြစ်နိုင်ပါ့မလား