ဘာလိုလိုနဲ့ရက်တွေ နေ့တွေလတွေကုန်သွားခဲ့ပြီ ခုဆိုငါးလတောင်ရှိပြိလေ နှောင်းတို့ နန်းထိုက်ရွှေစင်မှာပြောင်းနေကြသည်။
ပိုးလဲ ဟိုတယ်ဝန်ထမ်းကောင်ကောင်မလေးငြင်းလိုက်လို့ D ဝင်နေရှာတယ်သူ့ကိုတကယ်ချစ်နိုင်တဲ့လူတစ်ယောက်လောက်ရဖို့ အမြဲဆုတောင်းပေးဖြစ်တယ်သူ crush ခဲ့တဲ့လူတိုင်းကိုတကယ်ချစ်တယ်ဆိုတာနှောင်းသိတာပေါ့ တစ်ရက်ကျ ခင့်ကို အကျိုးအကြောင်း အကုန်ပြောပြဖြစ်တယ် ခင်က ခင့်တူမနဲ့ မိတ်ဆက်ပေးရင်ကောင်းမလားလို့ပြောတယ် မောင်လညလက်ခံလိုက်တယ်လေ သူတကယ်ပျော်ရင် မောင်ကျေနပ်ပါတယ်လေ။ငါးလပြည့်တော့ နှောင်းတို့ date ဖို့ ocean ကိုသွားကြတော့မယ်။
"ဟဲ့ ပိုးအဝတ်လဲတော့လေ နင်မနေ့ကလိုက်ခဲ့မယ်လို့ပြောတယ်မလား ခင့်သူမက နင့်ကိုသဘောကျမှာပါ"
"ငါ့ကို သဘောကျတဲ့လူ ဒီကမ္ဘာပေါ်မှာမရှိပါဘူးဟာ ငါ့ကိုဘယ်သူမှသဘောမကျကြဘူး"
"ဟဲ့ လုပ်ပါဟယ်လိုက်ခဲ့စမ်းပါနင့်အတွက်ဒီလောကကြီးထဲမှာတစ်ယောက်ယောက်တော့ရှိမှာဘာပဲဖြစ်ဖြစ်ပေါ့ငါရှာပေးမယ်လေနော်"
နှောင်းကစိတ်ရင်းနဲ့ ပိုးလက်ကိုကိုင်ပြီးဖြောင်းဖျရတော့သည်။
"အေပြီးရောငါအဝတ်အစားသွားလဲလိုက်ဦးမယ်"
"အလှဆုံးဝတ်လာခဲ့နော်"
နှောင်းဖုန်းမြည်သံ
"ဟယ်လို ခင်"
"........."
"ဒီမှာအဆင်ပြေပါတယ်ပြောပြီးပြီ"
".............."
"မောင်းကပိုတောင်ချစ်သေးတယ် ဒါဆိုမောင်တို့ထွက်ခဲ့ပြီနော်"
"......."
"ဟုတ်ပါပြီ အာဘွား"
"........."
"ဟာမရပါဘူး အာဘွားပြန်ပေး"
"......"
"ဒါပဲနော်ခင်"
"........."
"အင်းပါနော်ချစ်တယ်ချစ်တယ်"
ပိုးလဲအဝတ်လဲခန်းထဲမှ ထွက်လာသည်။
"သွားမယ်လေ နှောင်း"
"အေအေလာပြီလာပြီ"
နှောင်းတို့လည်းဒီမှာအခြေချနေပြီ ကိုယ့်မြို့လိုတောင်ဖြစ်လို့
YOU ARE READING
အန်တီ့အတွက်သာ
Teen Fictionအသက်အရွယ်ကွာခြားလွန်းတဲ့သူတို့နှစ်ယောက်အချစ်ဟာဖြစ်နိုင်ပါ့မလား