part14🍓

1.8K 78 0
                                    

Next week

"အယ် တီလေး
ရောက်နေပါလား"

"ဟုတ်တယ်လေ နှောင်းရဲ့
လကုန်ပြီဆိုတော့
တီလေးတို့
စက်စဲသွားဖို့လာခေါ်တာလေ"

"အော်ဟုတ်သားပဲ
မေ့နေတာ
ခနအဝတ်အစားသွားယူလိုက်ဦးမယ် ဘယ်နှစ်ရက်သွားမှာလဲ"

"တစ်ပတ်
ကဲပါသွားသွားအဝတ်အစားသွားယူချေ"

"ဟုတ်တီလေး"

တစ်ပတ်စာပေါ့ပါးပြီးစက်စဲနဲ့လိုက်မဲ့အဝတ်အစား နည်းနည်းများများယူလိုက်တယ် ပြီးတော့အောက်ထပ်ကိုဆင်းသွားတယ်

"တီလေးသွားမယ်လေ"

"Ok carပေါ်မှာ
အကုန်လုံးပါတယ်
ဟဲ့နင့်မမလေး
အထုပ်တွေတင်ပေးလိုက်လေ
ဘာရပ်ရပ်ကြည့်နေတာလဲ
အသုံးကို မကျဘူး"

"ဟုတ်ကဲ့ဗျ"

ဟုဆိုကာအစောင့်ကောင်လေးသည် နှောင်းလက်ထဲမှအထုပ်များကိုယူပြီးခြံထဲက ကားပေါ်ကိုတင်ပေးလိုက်သည် နှောင်းလည်းကားပေါ်တက်သွားသည်

"ကယ်အခု‌ဘယ်လိုစက်စဲကို
သွားမှာလဲတီလေး"

"ကားလက်မှတ်ဝယ်ပြီးပြီ နှောင်း"

"အော် မမလေးနှင့်ပိုးကော"

"‌သူတို့က ကားဂိတ်ကို သွားနှင့်ပြီ"

"အော်"

ကားဂိတ်သို့ရောက်သော်

"နှစ်ခုံစီဆိုတော့
သမီးနှင့် ပိုး တစ်ခုံစီး
နှောင်းနဲ့ ခင်က တစ်ခုံစီး
တီလေးကတော့
ကံစမ်းလိုက်မယ်"

"အော် ဒေါ်နေမျိုးခိုင်တို့ကတော့ရှင်"

"Okလေ
တီလေးကားပေါ်တက်ရအောင်"

ခရီးသွားကားကြိးဟာ မြင့်ပြီးကြီးသည် အထဲတွင်လည်း တစ်ယောက်ကြည့် tvလေးတွေကို ခုံတိုင်းတွင်တပ်ဆင်ထားသည် တော်တော်ကိုကျယ်သည် တစ်ကားလုံးကကျယ်သာကျယ်သည် 35 ယောက်လောက်စီးလို့ရတဲ့ကားကို တစ်ကားလုံးပေါင်းမှ 15 ယောက်သာရှိသည် နှောင်းတို့ နေ့လယ်ထွက်သည့်ကားမို့ မနက်ဖြန်မနက်မှသာစက်စဲသို့ရောက်မည် ကားပေါ်တွင် ခင်က ပြတင်းပေါက်ဖက်မှာထိုင်သည် နှောင်းကသူ့ဘေးမှာထိုင်သည်

အန်တီ့အတွက်သာWhere stories live. Discover now