တစ်ယောက်က ဒူးထောက် လို့
နောက်တစ်ယောက်က
ဒူးထောက်သူ ဘက်
ကျောပေး ရပ်နေလေရဲ့...ကြည့်စမ်းပါရှင်
ဒူးထောက်သူ့ ပါးမှာ မျက်ရည်စတွေနဲ့
ရပ်နေသူ့ မျက်ဝန်းမှာလည်း
မျက်ရည်စတွေနဲ့"မဖြစ်နိုင်တဲ့ ဇာတ်လမ်းမို့
ရပ်တန်းက ရပ်ကြရအောင်ကွယ်" တဲ့ယဲ့ယဲ့လေး ထွက်လာတဲ့ ဒီစကား
အသံတိုးပေငြား လှံနဲ့ထိုးလေသလား
မှတ်ရတယ်...အဆွေးဇာတ်ဆို ကြည့်နိုင်စွမ်းမဲ့သူ ကျွန်မ
ချာကနဲ လှည့်လို့ ပြေးထွက်ခဲ့ရ
အို ကျွန်မပါးပြင်မှာလဲ မျက်ရည်တွေကျ...အန်တီရေ ကျွန်မကို ထားခဲ့စဉ်က
ကျောပေးရပ်နေသူ အန်တီ့ပါးပြင်မှာများ
မျက်ရည်စတွေ ကျနေ သလား....Virens🐈
YOU ARE READING
အန်တီ သို့...
Poetryမင်္ဂလာပါအန်တီ ချမ်းမြေ့ပါစေ အခါခါတွေး လို့ မကြာမကြာရေးမယ့် စာလွှာလေးတစ်ချို့ အချစ်မှစ ဘဝ အဆုံး အန်တီသာ ကျွန်မအပေါ် လွှမ်းမိုးနိုင်ဆုံးမို့ အန်တီ့အကြောင်းတွေးကာ ကဗျာလေးတွေ အမြဲရေးပါတယ် ပြီးတော့ အန်တီချစ်တဲ့ ကြောင်လေးလဲ ကလောင်ဘေးမှာ ရေးထားတယ် ကို...