အန်တီ့ရယ်သံလေးတွေကို ချစ်တယ်အန်တီ့စကားသံလေးကို မြတ်နိုးတယ်
အန်တီ့ရဲ့ ဟန်ပန်မူရာအမျိုးမျိုးမှာ
ကျွန်မဖြင့် ခိုးခိုးကာ သဘောကျလိုက်ရတာ.."တိတ်တိတ်လေး ခိုးချစ်ရလို့
တိတ်တခိုး အချစ်"လို့ ဆိုသတဲ့...အန်တီ့ကို ခိုးခိုးချစ်လွန်းအားကြီး လို့
အချစ်နတ်ဘုရားကတောင်
ကျွန်မကို 'အချစ်ငတက်ပြား'လို့
မှတ်ထားရော့မယ်ရှင်...."အိပ်ချင်ယောင်ဆောင်တဲ့ကလေး
ပိုနှိုးရခက်တယ်" ဆိုတာလိုပေါ့မသိချင်ယောင် ဆောင်နေတဲ့
အန်တီ့ထံမှောက် ချစ်ကြောင်းလည်း
ထပ်မလျှောက်ချင်တော့ပါဘူး...ဦးခင်မောင်တိုး သီချင်းထဲကလိုပါပဲ
"မခင်လို့ပဲ ဖြစ်ဖြစ်"
"မကြင်လို့ပဲ ပစ်ပစ်"ပါလေပုန်းလျှိုးကွယ်လျှိုး မေတ္တာတွေနဲ့
အန်တီ့ကိုတော့ ချစ်လို့ရတယ်မလား...မပိုင်ဆိုင်ရလည်း ဖြစ်တယ်လို့
ကျွန်မပြောတဲ့အခါ ယုံပေးပါအန်တီဒါပေမယ့်
ကိုယ့်ခြေဖမိုးကိုယ် ငုံ့ကြည့်နေတဲ့
ကျွန်မခေါင်းကို မမော့ခိုင်းပါနဲ့...အမှုန်တွေ ခဏတိုင်း ဝင်တတ်တဲ့
ကျွန်မမျက်ဝန်းဆီက
မျက်ရည်ကြည်တွေ ကျလာရင်လည်း
မသုတ်ခိုင်းပါနဲ့...ပြီးတော့လေ
ရင်ကွဲ ငှက်လေး အဝေးကို ပြေးတဲ့အခါ
ဂရုစိုက်ဖို့ သတိစကား မပါးလိုက်ပါနဲ့ အန်တီ
မပါးလိုက်ပါနဲ့.......Virens🐈
ŞİMDİ OKUDUĞUN
အန်တီ သို့...
Şiirမင်္ဂလာပါအန်တီ ချမ်းမြေ့ပါစေ အခါခါတွေး လို့ မကြာမကြာရေးမယ့် စာလွှာလေးတစ်ချို့ အချစ်မှစ ဘဝ အဆုံး အန်တီသာ ကျွန်မအပေါ် လွှမ်းမိုးနိုင်ဆုံးမို့ အန်တီ့အကြောင်းတွေးကာ ကဗျာလေးတွေ အမြဲရေးပါတယ် ပြီးတော့ အန်တီချစ်တဲ့ ကြောင်လေးလဲ ကလောင်ဘေးမှာ ရေးထားတယ် ကို...