Morning Vibes

82 10 0
                                    

အိပ်တဝက် နိုးတဝက်ဖြစ်နေတဲ့ စိတ်ကို
စုစည်းပြီး အိပ်ယာကနေ ကြွကြွလေး ထ။

ဘယ်ဖက်ဘေးမှာ ခွေခွေလေး
အိပ်မောကျနေတဲ့ အန်တီ့မျက်နှာလေးကို
ကုတင်ဘေးကနေ ခဏကြာအောင်
မတ်တပ်လေးရပ်ကြည့်မိ။

စောင်းစောင်းလေး အိပ်နေလို့
ဖောင်းဖောင်းလေးမို့နေတဲ့ပါးလေးကို
လက်ကလေးနဲ့ဖိပြီး ဆွဲလိုက်ချင်ပေမယ့်
နိုးသွားမှာဆိုးလို့ မဆွဲရက်ပါရှင်...

ဒါနဲ့ပဲ မျက်ခုံးမွှေးကွေးကွေးလေး ဘေးကနေ ပါးပြင်ပေါ် ရစ်ဝှိုင်းကာ တွန့်နေတဲ့
ဆံနွယ်တစ်ချို့ကို အသာပင့်လို့တင်ပေးပီး
နှဖူးလေးကို ခပ်ဖွဖွလေး နမ်းခဲ့
aww ဒါပေါ့ မင်္ဂလာရှိတဲ့မနက်....

အခန်းအပြင်ထွက်ပီး ရေချိုးခန်းထဲ  ဝင်၊
ကျွန်မမျက်နှာသစ်တော့ ရေကအေးနေတာမို့
အန်တီ့အတွက် ရေနွေးလေး ရောပေးဖို့
ပြင်ရမယ်ရှင်။

သွားတိုက်ဆေး ထည့်ထားပီးတဲ့
သွားတိုက်တံလေးကို
တဘတ်ခေါက်လေးပေါ်တင်၊

ရေနွေးရောထားတဲ့ ရေလေး ကိုင်ကြည့်တော့
နည်းနည်းလေး ပူသေးပေမယ့်
အန်တီ ထ လာတော့ ဒါမှ ခပ်နွေးနွေးလေး
ဖြစ်သွားမှာရှင်။

မနက်စာကတော့ ထွေထွေထူးထူး မဟုတ်။

ကျွန်မနဲ့ ကော်ဖီ
ဘာကို ရွေးမလဲမေးရင်တောင်
အန်တီက ကော်ဖီ ကို ရွေးမလားမသိတာမို့
ကျွန်မက Coffee ရဲ့ တွဲဖက်ကုန်စည်
ဖြစ်နေမှ ရမယ်ရှင့်။

ခါးစိမ့်စိမ့် အရသာကို ကြိုက်တဲ့
အန်တီ့အတွက် နှပ်ကော်ဖီ ထုတ်လေး
ခွက်ထဲဖောက်ချ ရေနွေးလေး ထည့်ပီး
အုပ်မလို့ပြင်နေတုန်း....

ကျွန်မကို နောက်ကနေ သိုင်းလို့ဖက်လိုက်တဲ့
လက်သွယ်သွယ်လေးတွေ...

ကျွန်မ ဘယ်ဖက်ပုခုံးပေါ်မှာ
ရေစရေန လေးတွေနဲ့ မျက်နှာ ဝင်းဝင်းလေး။

ကြည့်ပါဦး ကျွန်မ စိတ်မချတာ ဒါတွေပေါ့။

ဘေးနားမှာရှိတဲ့ ထိုင်ခုံလေး ဆွဲယူပြီး
ပခုံးနှစ်ဖက်ကနေ ဆွဲ လှည့်လို့
ခုံပေါ် အသာလေး ထိုင်ခိုင်းလိုက်တယ်။

မျက်နှာမှာ ရေတွေ ပြောင်အောင်မသုတ်လို့
အမဲစက်တွေ ဖြစ်ကုန်ရင်
ဘယ်လိုလုပ်မလဲ ကျွန်မအချစ်ရဲ့ ...

ကျွန်မကို မနက်ခင်းနဲ့ အလိုက်ဖက်ဆုံးက
ဘာလဲ လို့မေးလာရင် အန်တီ့ပါးပေါ်က
သနပ်ခါးနံ့ သင်းသင်းလေး လို့ ဖြေမှာပဲ။

ကျွန်မအမြတ်နိုးဆုံးအရာတွေ ကို
ဖန်တီးဖို့က ကျွန်မတာဝန်မို့လို့ 
ကျောက်ပြင်ပေါ် သနပ်ခါးတုံးလေး
တင်လိုက်တယ်
ဒါ ကျွန်မ နမ်းမယ့် ပန်းတွေလေ...

မနက်ခင်းတိုင်း အန်တီ
ဘုရားဝတ်ပြုဖို့ အတွက်
ဘုရားခန်းထဲက ရေချမ်းတော်နဲ့
ပန်းတော်လဲတဲ့ တာဝန်ကို
ကျွန်မပဲ ယူထားတယ်ရှင့်။

သံသရာအဆက်ဆက် ဒီလက်ကလေးပဲ
တွဲပါရစေဆိုပြီး ဆုတောင်းဖို့
တာဝန်ရောပေါ့။

လာပါ အန်တီ
အတူ ဘုရားဝတ်ပြုရအောင်ဆိုပီး
အန်တီ့နောက်မှာ ရို့ရို့လေး ထိုင်လိုက်တယ်...

နိဗ္ဗာန်ထိ မမှန်းပေမယ့်
သံသရာအဝှမ်းတော့
အတူလှမ်းချင်တယ် အန်တီရယ်....

ကျွန်မဘုရင်မလေး က ဧကရာဇ်ပန်းကို
သိပ်ကြိုက်သတဲ့ရှင်။

သူ့ကျစ်ဆံမြီးရိုးမှာ
ဧကရာဇ်ပန်းပွင့်လေးတွေ ထိုးပေးတော့
ပြုံးလို့ ....

အိမ်ကပြင်မှာ ချထားတဲ့ ခုံလေးပေါ်ထိုင်ပီး
နေဆာလှုံနေတဲ့ အန်တီ့နံဘေးကပ်လို့
တင်ပလင်ခွေထိုင်ချလိုက်တယ်။

​ပြီးမှ ထိုင်ခုံလက်တန်း လွတ်နေတဲ့
နေရာကနေ အန်တီ့ပေါင်ပေါ် ခေါင်းလေး
ထိုးတင်လိုက်တော့
သူမက ကျွန်မခေါင်းကို ခပ်ဖွဖွလေး
ပွတ်ပေးနေတယ်။

ဟော ကြည့်ပါဦး အရှေ့တလွှားဆီက
နေခြည်ပျောက်တွေလည်း ပြေးလို့ လာပီ...

ကျွန်မပါးကို တစ်ချက်ချက်လာသပ်တဲ့
အန်တီ့လက်ကလေးလည်း
နွေးလို့လာသည်..... ..... .....

                                                     Virens🐈

အန်တီ သို့...Tempat cerita menjadi hidup. Temukan sekarang