အန်တီ့ကိုလေ ကျွန်မက တကယ်ကို
အများကြီး သဘောကျနေမိတာ သိလား...ကျွန်မ ကြားခဲ့ဖူးတဲ့
အန်တီ့အသံလေးတွေ အကြောင်း
စဉ်းစားမိရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့
မေ့တဲ့အထိ ပြုံးနေမိတာမျိုး....အန်တီက တကယ်ကိုပဲ
ကျွန်မ အပေါ် စိုးမိုးနိုင်လွန်းတယ်....နှာခေါင်းချွန်းချွန်းလေးရဲ့ အစွန်းမှာ
တွယ်ငြိလိုခြင်းလေး ရှိတယ် အန်တီရဲ့...သက်လတ်ပိုင်း အမျိုးသမီးတွေရဲ့
ရင့်ကျက်မှု တည်ငြိမ်မှုတွေ ကို
သဘောတကျရှိတဲ့ ကျွန်မက
အန်တီဆိုတဲ့ နာမ်လေးကို အမြတ်တနိုး
စွဲလမ်းမိသွားတာ မထူးဆန်းဘူးလို့ ထင်ရဲ့...အဲ့ဒီလူသားလေးနဲ့ ပတ်သက်လာရင်
အသေးအဖွဲ လေးက အစ
တယုတယ သိမ်းဆည်းနေမိတာ...ဒါပေမယ့်လည်း အန်တီ့ရဲ့ အချစ်တွေကို
ကျွန်မတစ်ယောက်ထဲပဲ
အကုန်ရချင်တဲ့အထိ အတ္တမကြီးပါဘူးလေ...တကယ်တော့ ကျွန်မက
အန်တီ့ရဲ့အချစ်ကို ရတဲ့သူတွေထဲက
တစ်ယောက် ဖြစ်ရင်ကို ကျေနပ်ပါပြီ...ချစ်တယ် အန်တီ
ဘယ်တော့မှ ပြောခွင့်ရမယ့်
စကားမျိုးလဲ မသိပေမယ့်
ကျွန်မ တကိုယ်စာ ကြားရုံပြောနေမိတာ
မရတွက်နိုင်လောက်အောင်
အကြိမ်ရေများလှပေါ့.. .. ..ချစ်တယ် အန်တီ
ပြောခွင့်ဆိုတာမျိုး ရနိုင်ပါ့မလား တွေးမိရင်
ရင်ထဲ နာကျင်ရပေမယ့်လည်း
အမြဲ တသသနဲ့ အန်တီ အန်တီ ဆိုတာပဲ
တမ်းတနေမိတယ်.. .. ..ချစ်တယ် အန်တီ
ဒီအချစ်ဝဲ ကတော့ က
ဘယ်လောက်နက်နက်ထိ
စုပ်ယူသွားမလဲဆိုတာကို မသိချင်မိတဲ့အထိ မိုက်မိုက်မဲမဲ ခုန်ဆင်းပစ်ချင်မိတယ်.. .. ..
Virens🐈
ESTÁS LEYENDO
အန်တီ သို့...
Poesíaမင်္ဂလာပါအန်တီ ချမ်းမြေ့ပါစေ အခါခါတွေး လို့ မကြာမကြာရေးမယ့် စာလွှာလေးတစ်ချို့ အချစ်မှစ ဘဝ အဆုံး အန်တီသာ ကျွန်မအပေါ် လွှမ်းမိုးနိုင်ဆုံးမို့ အန်တီ့အကြောင်းတွေးကာ ကဗျာလေးတွေ အမြဲရေးပါတယ် ပြီးတော့ အန်တီချစ်တဲ့ ကြောင်လေးလဲ ကလောင်ဘေးမှာ ရေးထားတယ် ကို...