နှလုံးသားတွေ လောင်းကြေးထပ်ရတဲ့
ကာစီနိုရုံမှာ ဒိုင်ခံတဲ့ ဘုရင်မ ဟာအန်တီ... တဲ့ မြင်ကြရဲ့လား...
အရှုံးအမြတ် မသုံးသပ်တတ်တော့
အန်တီ နဲ့ ပါတ်သတ်ရင်အမြဲ အရှုံးထွက်လျက်ပေါ့
အသည်းနှလုံးတွေ မွကြေကွဲလဲ
အမြဲအပြုံးတွေနဲ့ ကစားနေဆဲပါပဲဝိုင်းသိမ်းလို့ ပြန်ချိန်ရောက်မှ
ရုံပေါက်ကနေ ယဲ့ယဲ့လေးပြုံးကာကြည့်
ပခုံးမှာ ခဏလာထိတဲ့
နှစ်သိမ့်မှုလေး တစ်ချက်နဲ့တင် တန်ပြီ
ဟောဒီကျွန်မ နှလုံး
ဆုံးရကျိုးလဲ နပ်ရဲ့ အန်တီ...Virens🐈
![](https://img.wattpad.com/cover/327813652-288-k533720.jpg)
BINABASA MO ANG
အန်တီ သို့...
Poetryမင်္ဂလာပါအန်တီ ချမ်းမြေ့ပါစေ အခါခါတွေး လို့ မကြာမကြာရေးမယ့် စာလွှာလေးတစ်ချို့ အချစ်မှစ ဘဝ အဆုံး အန်တီသာ ကျွန်မအပေါ် လွှမ်းမိုးနိုင်ဆုံးမို့ အန်တီ့အကြောင်းတွေးကာ ကဗျာလေးတွေ အမြဲရေးပါတယ် ပြီးတော့ အန်တီချစ်တဲ့ ကြောင်လေးလဲ ကလောင်ဘေးမှာ ရေးထားတယ် ကို...