ကျွန်မ စွဲလမ်းမှုဟာ
မျက်စိမခွာနိုင်အောင်
ငေးကြည့်နေမိခြင်း ဖြစ်ပြီး....စွဲလမ်းစေတဲ့ အကြောင်းအရာဟာ
အန်တီ ဖြစ်တယ်။ကျွန်မ ဝေဒနာဟာ
အကြည့်ချင်းဆုံသည်နှင့် အထိန်းအကွပ်မဲ့စွာ
ရင်ခုန်မိခြင်း ဖြစ်ပြီး....ဝေဒနာဖြစ်စေတဲ့ ရင်းမြစ်ဟာ
အန်တီ ဖြစ်တယ်။ကျွန်မ ရူးသွပ်မှုဟာ
တသသ လွမ်းဆွတ်နေမိခြင်း ဖြစ်ပြီး....ရူးသွပ်စေတဲ့ အကြောင်းပြချက်ဟာ
အန်တီ ဖြစ်တယ်။ကျွန်မ စွန့်စားမှုဟာ
ဘဝတစ်ခုလုံး
ပုံအောပေးချင်နေမိခြင်း ဖြစ်ပြီး....စွန့်စားလိုတဲ့ အကြောင်းတရားဟာ
အန်တီ ဖြစ်တယ်။ကျွန်မအတွက်...
စွဲလမ်းစေမှုဟာ အန်တီနဲ့ အစပြုတယ်...
ဝေဒနာဟာ အန်တီ့ကြောင့်
သေချာလာတယ်...ရှုးသွပ်မှုအစ အန်တီက တဲ့.....
ကျွန်မစွန့်စားမှုတွေ အကုန်လုံး
အန်တီသာ အသိဆုံးဖြစ်စေချင်မိတယ်.....Virens🐈
ВЫ ЧИТАЕТЕ
အန်တီ သို့...
Поэзияမင်္ဂလာပါအန်တီ ချမ်းမြေ့ပါစေ အခါခါတွေး လို့ မကြာမကြာရေးမယ့် စာလွှာလေးတစ်ချို့ အချစ်မှစ ဘဝ အဆုံး အန်တီသာ ကျွန်မအပေါ် လွှမ်းမိုးနိုင်ဆုံးမို့ အန်တီ့အကြောင်းတွေးကာ ကဗျာလေးတွေ အမြဲရေးပါတယ် ပြီးတော့ အန်တီချစ်တဲ့ ကြောင်လေးလဲ ကလောင်ဘေးမှာ ရေးထားတယ် ကို...