အားလပ်တဲ့အချိန်မှာ
စာအုပ်လေးတွေဖတ်ပီး
အတူ ရယ်မော ကြမှာပေါ့နွေဥဩလေး သာတဲ့အချိန်မှာ
ထီးတစ်လက်ကို
နှစ်ယောက်အတူဆောင်းရင်း
လေးရူးတွေ မြူးတဲ့အထဲ
အတူတွဲလို့ လျှောက်မှာပေါ့မိုးတွေရွာတဲ့အချိန်မှာ ကော်ဖီတစ်ခွက်စီနဲ့
တယောက်ပခုံး တစ်ယောက်အုံးရင်း
မိုးစက်တွေ အတူငေးမှာပေါ့အရမ်းအေးတဲ့ ဆောင်းမနက်ခင်း မှာတော့
ဘယ်မှ ထ မသွားနိုင်အောင်
သူ့ ရင်ခွင်ထဲ အတင်းတိုးလို့
တအားဖက်ထားမှာပေါ့အဆင်မပြေမှုနဲ့ ကြုံရတဲ့အချိန်မှာ
တယုတယ နှစ်သိမ့်ပေးတတ်သူရဲ့
အဲ့ဒီ ပါးပြင်လေးဆီ
ကျွန်မမျက်ဝန်းတွေ အပ်ပြီး
ငိုချပစ်လိုက်မှာပေါ့အတူတူ ဆိုရင်
အန်တီ နဲ့ သာ ဆိုရင်ပေါ့ ...Virens🐈
YOU ARE READING
အန်တီ သို့...
Poetryမင်္ဂလာပါအန်တီ ချမ်းမြေ့ပါစေ အခါခါတွေး လို့ မကြာမကြာရေးမယ့် စာလွှာလေးတစ်ချို့ အချစ်မှစ ဘဝ အဆုံး အန်တီသာ ကျွန်မအပေါ် လွှမ်းမိုးနိုင်ဆုံးမို့ အန်တီ့အကြောင်းတွေးကာ ကဗျာလေးတွေ အမြဲရေးပါတယ် ပြီးတော့ အန်တီချစ်တဲ့ ကြောင်လေးလဲ ကလောင်ဘေးမှာ ရေးထားတယ် ကို...