မေ... တဲ့
အဝါရောင်တွေ.. မိုးစက်တွေ..
ပိတောက်တွေနဲ့ အတာရေ...
မြတ်နိုးစရာ အစပ်အဟပ် နဲ့
လိုက်ဖက်တဲ့ ဒီပေါင်းစပ်မှုတွေကနေ
ဖြစ်တည်လာတဲ့ သင်္ကြန်ပန်းကလေးပေါ့....အပျော်ရွှင်ရဆုံးကာလ
မြတ်နိုးရတဲ့ ပန်းကလေး
လွမ်းမောစရာ အခိုက်အတန့် တွေပေါင်းဆုံတဲ့
ဒီလို အချိန်ခါမှာ ရောက်လာခဲ့တဲ့ လူသားလေးမို့
စွဲမက်စရာကောင်းရတာ ထင်ရဲ့...ရယ်သံလေးတွေတိုင်းမှာ
ကြည်နူးမှုလေးခံစားရပြီး
အပြုံးလေးတွေရဲ့ အဆုံးသတ်တိုင်းက
မြတ်နိုးစိတ်ကို ဖြစ်စေတာကရော
အဝါရောင်ကြယ်လေး ကြွေပြီး
ဝင်စားလာတာ မို့များလား....Happy Birthday ပါ မေ
ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ...ပျော်ရွှင်ခြင်းက အဝါရောင်လို့ ဆိုတဲ့အခါ
အဝါရောင်နေ့ရက်တွေတိုင်းက
မေ့ အပိုင် ဖြစ်ပါစေ...ပြုံးလိုက်တိုင်း လင်း လင်းသွားတဲ့
မေ့ ပါးချိုင့် ထင်းထင်းလေးတွေ အတွင်းမှာ
ပျော်ရွှင်ကြည်နူးခြင်းတွေ အမြဲစီးဆင်းနေပါစေ...စိတ်သွားတိုင်း ကိုယ်ပါပြီး
လွတ်လပ်စွာ ပျော်ရွှင်စွာ
ကိုယ်က ချစ်ရသူ ကိုယ့်ကို ချစ်ကြသူတွေနဲ့အတူ
အမြဲထာဝရ အတူရှိသွားနိုင်ပါစေ မေ...Virens🐈
ESTÁS LEYENDO
အန်တီ သို့...
Poesíaမင်္ဂလာပါအန်တီ ချမ်းမြေ့ပါစေ အခါခါတွေး လို့ မကြာမကြာရေးမယ့် စာလွှာလေးတစ်ချို့ အချစ်မှစ ဘဝ အဆုံး အန်တီသာ ကျွန်မအပေါ် လွှမ်းမိုးနိုင်ဆုံးမို့ အန်တီ့အကြောင်းတွေးကာ ကဗျာလေးတွေ အမြဲရေးပါတယ် ပြီးတော့ အန်တီချစ်တဲ့ ကြောင်လေးလဲ ကလောင်ဘေးမှာ ရေးထားတယ် ကို...