အချစ်တိုက်ပွဲ

163 7 0
                                    

ဒီအချစ်တိုက်ပွဲမှာ    
ယောင်္ကျားရင့်မာကြီးတွေ ကြားထဲ
နိုင်မယ်အထင်နဲ့
ပြိုင်တယ်ထင်နေသလား အန်တီ

ကျွန်မလို သနားစဖွယ်
မိန်းမငယ်လေးတစ်ယောက်က
ထိမရ ကိုင်မရ
အချစ်ဆိုတဲ့ ဒဿနကို ပိုက်ထွေး
အနိုင်တိုက်မယ် စိတ်မွေးထားတဲ့ ပွဲပါ

အရိုးကြေကြေ အရေခမ်းခမ်း
အန်တီကမ်းမယ့် ပန်းကို
လှမ်းယူကာ နမ်းကြူချင်သူ မို့

အချစ်တိုက်ပွဲ တွေ
ဘယ်လောက်များစေတော့
ကျွန်မအားတွေ မလျော့ပဲ အနိုင်ယူခဲ့မှာပေါ့

ဒါ့ကြောင့် အန်တီကလည်း ကျွန်မဘဝ ကို
အပိုင်ယူလှည့်ပါတော့...

                                                    Virens🐈

အန်တီ သို့...Where stories live. Discover now