အချစ်သံသရာ

94 8 0
                                    


အရှင်မ ဘဝင်ကျစေဖို့
လှေငယ်တစ်စင်း အမြန်ထွင်းကြမတဲ့...

နှစ်လိုရာအပင် သူရွေးထုတ်
တဒိုင်းဒိုင်းခုတ်လို့ အပိုင်းပိုင်းလုပ်ရင်း

လှေငယ်လေးတစ်စင်း
သူဖန်ဆင်းလိုက်သတဲ့...

သခင့်အလိုကျ
လှေငယ်ဘဝနဲ့လည်း ပျော်ပါတယ်လေ...

ကျွန်မကလှေငယ်လေးတစ်စီး ဆိုတော့လေ
ရွက်စုံကိုဖွင့် လေနှင်ရာလွှင့်ချင်မိတဲ့
ပင်လယ်ပြင်ကျယ်ဟာ အန်တီပဲ။

အချိန်ကြာညောင်း အရွက်တွေဟောင်းလို့
ဆွေးပျက်ကာရေဝင်တဲ့
လှေကြမ်းပြင်ကိုများ
လှိုင်းဝင်နှောက်လို့ မှောက်မယ် ဆိုရင်တောင်
ကျွန်မလှေငယ်ဆွေးပျက် မှေးစက်ချင်တဲ့
သမုဒ္ဒရာကြမ်းပြင်ဟာလည်း အန်တီပဲ။

ဪ...
ဆွေးစိတ်ဘယ်မချိ အတွေးစိတ်ဝယ်ငြိကာ
မကျွတ်မလွတ် ငါးလေးများ ဖြစ်ခဲ့ရင်လေ
အန်တီထောင်တဲ့ မြှုံးမှာပဲ
ကျွန်မတော့ ဘဝဆုံးခံမယ်ရှင်

အသွေးယူယူ အသားယူယူ
ကျွန်မ့ဘဝကို
အန်တီသာ သုံးဆောင်တော်မူ...

အသွေးကုန်အသားခမ်းတဲ့
ကျွန်မအရိုးခြမ်းလေး
ကြောင်မလေး ကို ကျွေးနော် အန်တီ

ဒါမှ ကြောင်ကမွေးလာတဲ့
ကြောင်ပေါက်လေးက ကျွန်မဖြစ်မှာ။

ကျွန်မသာ ကြောင်လေးဖြစ်ရင်လေ

အန်တီ့အနား အမြဲကပ်ပြီး

တမြောင်မြောင်အော်ရင်း အမြဲချွဲလို့

အမြဲကို တိုးခွေ့ပွတ်သပ်နေမှာ ရှင့်.....

                                                     Virens🐈

အန်တီ သို့...Hikayelerin yaşadığı yer. Şimdi keşfedin