"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ
ဆက်သွယ်မှု ဧရိယာပြင်ပ သို့
ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍
မရနိုင်ပါရှင်"....ကျွန်မသိပါတယ်။
ဒါ... Operator အစ်မကြီး
သက်သက် လီဆယ်ပြီး ပြောနေတာ။ခြံအပြင်ဘက် ကနေ
ကျွန်မလှမ်းကြည့်တာတောင်
မြင်နေရတဲ့ အန်တီ့အခန်းက
ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်စရာလား။"အစ်မရေ လူမှားနေပြီ" လို့
သူ့ရုံးဆီ ဖုန်းခေါ်ပြီး ပြန်ပြောရဦးမယ်။'ကြားလေသွေးလို့ ဝေးတယ်'ဆိုတာ
အဲ့ဒီအစ်မကြောင့်ပဲ ဖြစ်မှာ။အန်တီ့ဆီကို ကျွန်မဖုန်းခေါ်တိုင်း
သူအမြဲ အဲ့လိုပဲ ပြောပြောနေတာ.....Virens🐈
BẠN ĐANG ĐỌC
အန်တီ သို့...
Thơ caမင်္ဂလာပါအန်တီ ချမ်းမြေ့ပါစေ အခါခါတွေး လို့ မကြာမကြာရေးမယ့် စာလွှာလေးတစ်ချို့ အချစ်မှစ ဘဝ အဆုံး အန်တီသာ ကျွန်မအပေါ် လွှမ်းမိုးနိုင်ဆုံးမို့ အန်တီ့အကြောင်းတွေးကာ ကဗျာလေးတွေ အမြဲရေးပါတယ် ပြီးတော့ အန်တီချစ်တဲ့ ကြောင်လေးလဲ ကလောင်ဘေးမှာ ရေးထားတယ် ကို...